အင်း​တော်​မြို့နယ်​တွင်​ တစ်​ရက်​တည်း ယာဉ်​တိုက်​မှုနှစ်​ခုဖြစ်​ပွားခဲ့ရာ တစ်​ဦး​သေဆုံးခဲ့


အင်းတော် ဇူလိုင် ၂၀

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်​၊ အင်း​တော်​မြို့နယ်​နှင်း အင်း​တော်​မြို့အတွင်း ယာဉ်​တိုက်​မှုနှစ်​ခုဖြစ်ပွားခဲ့​​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ဇူလိုင် ၁၉ ရက်​​ နံနက်​ ၉ နာရီ မိနစ် ၂ဝ ခန့်တွင်​ အင်း​တော်​မြို့နယ်​​ရွှေဘို-မြစ်​ကြီးနားသွားကားလမ်း မိုင်​တိုင်​အမှတ်​ ၁၃၂ နှင့် ၁၃၄ အကြား သံဘို​ကျေးရွာအနီးတွင်​ အင်း​တော်​မြို့နယ်​၊ မိုလှိုင်းကုန်းကျေးရွာ​နေ ဦးစံတင်​ဆိုသူ ​မောင်းနှင်​ခဲ့ပြီး ဦးစိန်​​ဖေ​ နောက်​မှလိုက်​ပါလာ​သော ဆိုင်​ကယ်​အား အမည်​မသိယာဉ်​မှ​ နောက်​မှတိုက်​မိပြီး​မောင်းနှင်​​ပြေးသွားရာ ဆိုင်​ကယ်​​မောင်းသူ ဦးစံတင်​မှာ အခင်းဖြစ်​​နေရာတွင်​​သေဆုံးသွားသဖြင့် အမည်​မသိယာဉ်​အား ဖမ်းဆီးရမိ​ရေးအတွက်​ မဲဇာနယ်​​မြေရဲကင်းစခန်းမှ​ ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

အလားတူ ဇူလိုင် ၁၉ ရက်​​ မွန်းတည့် ၁၂ နာရီခန့်​တွင်​ အင်းတော်​မြို့အဝင်​၊​ အောင်​​မေတ္တာ​ဟိုတယ်​အနီးတွင်​ ညွန့်ဟန်​​မောင်းနှင်​လာ​သော 5B/---- ၁၂ဘီးယာဉ်​နှင့် အင်းတော်​မြို့နယ်​၊ နန့်ကင်​​ကျေးရွာ​နေ​ အောင်​လွင်​​မောင်းနှင်​လာ​သောဆိုင်​ကယ်​တို့တိုက်​မိရာ​ အောင်​လွင်​မှာ ဒဏ်​ရာရရှိသွားသဖြင့် အင်းတော်​​ဆေးရုံတွင်​​ ဆေးကုသခံယူ​နေပြီး ယာဉ်​မောင်း အောင်​လွင်​နှင် အင်း​တော်​မြို့နယ်​၊ နဘား​ကျေးရွာ​နေ ယာဉ်​​မောင်းညွန့်ဟန်​တို့နှစ်​ဦးအား ဥပ​ဒေအရအ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်င်း သိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အင်း​တော်​မြို့နယ်​တွင်​ တစ်​ရက်​တည်း ယာဉ်​တိုက်​မှုနှစ်​ခုဖြစ်​ပွားခဲ့ရာ တစ်​ဦး​သေဆုံးခဲ့ အင်း​တော်​မြို့နယ်​တွင်​ တစ်​ရက်​တည်း ယာဉ်​တိုက်​မှုနှစ်​ခုဖြစ်​ပွားခဲ့ရာ တစ်​ဦး​သေဆုံးခဲ့ Reviewed by THITHTOOLWIN on 01:01 Rating: 5
Powered by Blogger.