ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တွင် ဧရာဝတီမြစ်ရေ မြင့်တက်နေသည့် အတွက် ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ရေကြီးမှုအား ကူညီဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- MFF)

    ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်နေသည့် အတွက် ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဌာနမှူး ဒေါ်သန္တာလှိုင်က ဆင်ဟွာ ကို ယနေ့ပြောသည်။

ထိုကယ်ဆယ်ရေးစခန်းများတွင် ယနေ့ ညနေအထိ အိမ်ထောင်စု ၆၄၇စု ၊  လူဦးရေ ၃၂၆၉ ယောက် နေထိုင်လျက်ရှိကြောင်း၎င်းကဆိုသည်။ ဇူလိုင် ၁၀ ရက် နေ့ ကစတင်၍ မြစ်ရေမြင့်တက်ခြင်းဖြစ်ကြောင်း  သိရသည်။

“ကျွန်မ တို့ ဌာန အနေနဲ့ ရေဘေးရှောင် ပြည်သူတွေ အတွက် ဆန်ရိက္ခာ တစ်ပါတ်စာ ထောက်ပံ့ပါတယ်။တစ်ခြားဌာန တွေက ကူညီနေတာတွေလည်းရှိပါတယ်’’ ဟု ဒေါ်သန္တာလှိုင်က ဆိုသည်။

ဇူလိုင်လ ၁၂ ရက် တွင်  ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်တို့တွင်လည်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းများသို့ ရေ(၃)ပေခန့် မြစ်ရေဝင်ရောက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ရွှေကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၁၀)ဦး၊ အရန်(၃)ဦးတို့ဖြင့် ရေနစ်မြှုပ်လျှက်ရှိသော အမှတ်(၃)ရပ်ကွက်ရှိ အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ ကျား(၁၄)၊ မ(၂၃)၊ စုစုပေါင်း(၃၇)ဦးတို့အား အောင်တော်မူဘုရားဝန်းအတွင်းသို့လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ ကျား(၂၀)ဦး၊ မ(၂၈)ဦး၊ ပေါင်း(၄၈)ဦးတို့အား နီးစပ်ရာတောရဘုန်းကြီးကျောင်းသို့ ယာယီရွှေ့ ပြောင်းပေးခဲ့ပြီး မြစ်ရေမြင့်တက်မှုကြောင့် ရေတိုက်စားပြိုကျရာ ကမ်းပါးတလျှောက်အား သဲ/ကျောက် အိတ်များဖြင့် ရေကာတာအဖြစ် ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ