လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးပိတ်

တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
တူးနစ် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးကို ဇူလိုင် ၁ ရက်တွင် ပိတ်ပစ် ခဲ့ကြောင်း သိရသည်။

“လုံခြုံရေးအရ စိုးရိမ်ရတဲ့အတွက် အရေးပေါ်လုပ်စရာ ကိစ္စရပ်တွေကလွဲလို့ တနင်္လာနေ့ မှာ သံရုံးကို ပိတ်ထားပါတယ်” ဟု ဇွန် ၃ဝ ရက်တွင် ထုတ်ပြန်သည့် သံရုံး၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

တူနီးရှားနိုင်ငံမြို့ တော် တူးနစ်မြို့ လယ်ခေါင်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ထိုသို့ သံရုံးပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုတိုက်ခိုက်မှုများအတွင်း ရဲအရာရှိတစ်ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

တူးနစ်မြို့ ၌ ဇွန်၂၅ ရက်တွင် ဖြစ်ပွားခဲ့သောတိုက်ခိုက်မှု နှစ်ခုမှာ ၄င်းတို့ ၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်(IS) စစ်သွေးကြွအဖွဲ့ ကထုတ်ဖော်ပြောကြားထားသည်။

(Xinhua)
http://www.xinhuamyanmar.com
လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးပိတ် လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးပိတ် Reviewed by THITHTOOLWIN on 10:02 Rating: 5
Powered by Blogger.