ယင်းမာပင်ဒေသခံအချို့နဲ့ လုံခြုံရေး ရဲတို့ ပဋိပက္ခဖြစ်စဉ်တွင် ဒေသခံလေးဦး သေနတ်ဒဏ်ရာ ရရှိ


မုံရွာ၊ဇူလိုင်-၃၁

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်အတွင်း ကျေးရွာမီးလင်းရေး ဆောင်ရွက်ခြင်းကို ကန့်ကွက်ရာမှ ဒေသခံနှင့် ရဲတို့ ပဋိပက္ခဖြစ်ကာ ဒေသခံ ၄ဦး သေနတ်ကျည်ဆံဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ယနေ့ဖြစ်ပွားခဲ့သည်။


ပြန်လှည့်ကျေးရွာမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့်တည်ထားသော လျှပ်စစ်မီးအားအုန်းတောရွာကို လျှပ်စစ် ဓာတ်အားပေးရန် ဌာနဆိုင်ရာမှ ရဲအင်အားဖြင့် လာရောက်လုပ်ကိုင်စဉ် တားဆီးသဖြင့် သေနတ်ဖြင့် ပစ်ခံရခြင်း ဖြစ်သည်ဟု ပြန်လှည့်ကျေးရွာဒေသခံများထံမှ သိရသည်။

"အမှတ် ၉လမ်းမှာလာပြီး မီးတိုင်စိုက်တာ။အန္တရာယ်များတယ်။ကျွန်မတို့က လက်မခံနိုင်ဘူး။ရွာအပြင်ကနေ ကြိုးဆွဲရင် လက်ခံနိုင်တယ်။ရွာက အမျိုးသမီးတစ်ယောက်ကို အရင် အချုပ်ကားပေါ် တင်တယ်။ကျွန်မတို့က လိုက်ပြီး ဆွဲလို့ ပါမသွားတာ။ပြီးတော့ သေနတ်တွေနဲ့ ပစ်တော့တာပဲ"ဟု ဒေသခံ ဒေါ်သွယ်က ပြောသည်။


မနက် ကိုးနာရီကတည်းက မီးတိုင်လာစိုက်ခြင်းဖြစ်ပြီး နေ့လည် ၂နာရီခန့်တွင် ထိုကဲ့သို့ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဒဏ်ရာ ရရှိသူ လေးဦးမှာ အမျိုးသားများဖြစ်ပြီး ရင်ဘက်၊ဝမ်းဗိုက်၊လက်မောင်းနှင့် မျက်နှာတို့တွင် ရရှိခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီးယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှာ အစည်းအဝေးလုပ်နေပြီး ဖြေကြားနိုင်ခြင်းမရှိသကဲ့သို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှာလည်း အစီရင်ခံစာမတက်သေးသဖြင့် ဂဃနဏ မသိရှိသေးဘူးဟု မုံရွာဂေဇက်အား ပြန်လည်ဖြေကြားသည်။

အိအိမွန်
Monywa Gazette
https://www.facebook.com/monywagazette
ယင်းမာပင်ဒေသခံအချို့နဲ့ လုံခြုံရေး ရဲတို့ ပဋိပက္ခဖြစ်စဉ်တွင် ဒေသခံလေးဦး သေနတ်ဒဏ်ရာ ရရှိ ယင်းမာပင်ဒေသခံအချို့နဲ့ လုံခြုံရေး ရဲတို့ ပဋိပက္ခဖြစ်စဉ်တွင် ဒေသခံလေးဦး သေနတ်ဒဏ်ရာ ရရှိ Reviewed by THITHTOOLWIN on 23:22 Rating: 5
Powered by Blogger.