သက်ငယ်မုဒိန်းမှုပပျောက်ရေး တောင်ကြီးမှာ ဆန္ဒဖော်ထုတ်မယ်


တောင်ကြီး၊ ဇူလိုင် ၅

သက်ငယ်မုဒိန်းမှုပပျောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲကို ဇူလိုင် ၆ရက်နေ့ မနက် ၉နာရီမှာ လူအင်အား ၁၀၀ဦးခန့် နဲ့ တောင်ကြီးမြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆန္ဒဖော်ထုတ်ပွဲကို တောင်ကြီးမြို့က ဒုတိယနှစ် ( သမိုင်း) ကျောင်းသား မင်းသုတထွန်းက ဦးဆောင်ပြီး သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဘေးမှာ စုရပ်ပြုလုပ်ကာ မြို့မဈေးမီးပွိုင့်မှ စူဠာမုနိဘုရားရင်ပြင်တော်ပေါ်အထိ လမ်းလျှောက် ချီတက်ကာ ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

“ဆန္ဒပြပွဲ ပြုလုပ်ရတဲ့ရည်ရွယ်ချက်က သက်ငယ်မုဒိန်းမှုတွေရပ်စဲဖို့၊ သက်ငယ်မှုဒိန်းမူသေဒဏ်ပေးဖို့နဲ့ သက်ငယ်မုဒိန်းမှု တားဆီးနိုင်ဖို့အတွက်ပါ။ တရားဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ပါပဲ။ Victoria အမှုဆိုလည်း ကိုယ်မြို့ကမဟုတ်ပေမယ့် ကိုယ်ချင်းစာတယ်။ ဒီပွဲကိုလည်း အဖွဲ့အစည်းတစ်ခုကနေ ပြုလုပ်တာမျိုး မဟုတ်ဘဲ မုဒိန်းမှု တားဆီးရေးသက်သက် ပြုလုပ်တာပါ” လို့ ဆန္ဒပြပွဲပြုလုပ်ရာတွင် ပါဝင်မယ့်သူတစ်ဦး ဖြစ်တဲ့ မသင်ဇာမြတ်ထွေး က ရွှေတြိဂံဒေသသတင်းဌာနကို ပြောပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ‘သက်ငယ်မုဒိမ်း ပပျောက်ရေး’၊ ‘သက်ငယ်မုဒိမ်း သေဒဏ်ပေး’၊ ‘အနာဂတ်ကလေးများ ဘဝ သာယာလှပဖို့ သက်ငယ်မုဒိမ်းကို တားဆီးကြပါစို့’၊ ‘Justic for Victoria’ စာတမ်းများပါရှိတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက်ကြမှာ ဖြစ်ပြီး ဘုရားရင်ပြင်တော်မှာလည်း Justice for Victoria သမီးလေးအတွက် အမှန်တရားရရှိဖို့ ဆုတောင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မေလအတွင်းက နေပြည်တော်ရှိ ပုဂ္ဂလိကမူကြိုကျောင်းဖြစ်တဲ့  Western Hill မှာ အသက်၂နှစ်နှင့်၁၁လအရွယ် သမီးငယ်တစ်ဦး မတရားပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး ဆိုရှယ်မီဒီယာပေါ်မှာ ပြည်သူအများက ဝိုင်းဝန်းတောင်းဆိုလျက်ရှိကြပါတယ်။

ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
သက်ငယ်မုဒိန်းမှုပပျောက်ရေး တောင်ကြီးမှာ ဆန္ဒဖော်ထုတ်မယ် သက်ငယ်မုဒိန်းမှုပပျောက်ရေး တောင်ကြီးမှာ ဆန္ဒဖော်ထုတ်မယ် Reviewed by THITHTOOLWIN on 11:07 Rating: 5
Powered by Blogger.