အောင်ပန်းမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံး

ဓာတ်ပုံ - နာရေးကူညီမှုအသင်း အောင်ပန်းမြို့

တောင်ကြီး၊ ဇူလိုင် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့က Denko စက်သုံးဆီဆိုင် အနီးမှာ ဇူလိုင်လ၂၁ရက်က ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း - အောင်ပန်းထံမှ သိရပါတယ်

အောင်ပန်း - ကလောသွား ကားလမ်းဘေး Denkoစက်သုံးဆီဆိုင်အနီးက နှစ်ထပ်ကွေ့မှာ အောင်ပန်းမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး အောင်ကျော်ဦး မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ဟာ Canter အမျိုးအစား မော်တော်ယာဉ်နဲ့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်မှာ ဒဏ်ရာတွေ ရရှိကာ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို သေဆုံးသည်အထိ တိုက်မိစေခဲ့တဲ့ Canter အမျိုးအစား မော်တော်ယာဉ် မောင်းနှင်သူကို သက်ဆိုင်ရာမှ ဖမ်းဆီးထားပြီး ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
အောင်ပန်းမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံး အောင်ပန်းမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.