မိုးညှင်းတွင် ရှေ့ပြေးအစုန်တိုက်ကင်းရထား တွဲချော်မှုဖြစ်ပွား အချိန်တိုအတွင်း ပြုပြင်ဆောင်ရွက်


မိုးညှင်း ဇူလိုင် ၂၉

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာဘူတာနှင့်(မြောက်)ကိုက် ၂၀ဝခန့်အကွာတွင် ဇူလိုင် ၂၉ ရက် နံနက် ၈ နာရီ ၂၀ မိနစ် အချိန်က နန်းမားဘူတာမှထွက်ခွာလာစဉ်ရှေ့ပြေးတိုက်ကင်း အစုန်ရထားတွဲချော်မှုဖြစ်ပွားခဲ့ရာအချိန်မီပြုပြင်ဆောင်ရွက်နိုင်ခဲ့ကြောင်း မိုးညှင်းမီးရထားကွန်ထိုးမှသိရသည် ။


နန်းမားဘူတာမှ မိုးညှင်းဘူတာဘက်သို့ နံနက် ၈နာရီ ခန့်ကထွက်ခွာလာသော အစုန်တိုက်ကင်းရထား(DN APT) စက်ခေါင်းမောင်း ဦးမောင်ဝင်း ရထားထိန်း ဦးအောင်စွာမြင့် တို့မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DD-948 သည် နံနက် ၈နာရီ ၂ဝမိနစ်အချိန်တွင် ရထားလမ်းမိုင်တိုင်အမှတ် ၆၃၇/၁၃ နှင့် ၆၃၇/၁၄ အကြားတွင် စက်ခေါင်းနှင့်ကပ်လျက် တွဲအမှတ် GBHAV-13704 ၏ဘီးအမှတ် ၃နှင့်၎ မှာသံလမ်းနှင့်အပြင် ၁ပေခန့်အကွာတွင်လည်ကောင်း ဘီးအမှတ် ၅ နှင့် ၆မှာ သံလမ်းအတွင်း ၁ပေ အကွာတွင်လည်း တွဲချော်ကျမှုဖြစ်ပွားခဲ့သည် ။

၎င်းဖြစ်စဉ်ကြောင့် လူတစ်ဦးတစ်ယောက်မျှထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ မိုးညှင်းမြို့နယ်သံလမ်းအင်ဂျင်နီယာရုံးမှတာဝန်ရှိသူများနှင့် တွဲပြင်ဌာနမှတာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်မှုကြောင့် နေ့လည် ၁၂နာရီအချိန်တွင် ရထားလမ်းပွင့်ကာ ပုံမှန်သွားလာနိုင်ခဲ့ကြောင်း သိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးညှင်းတွင် ရှေ့ပြေးအစုန်တိုက်ကင်းရထား တွဲချော်မှုဖြစ်ပွား အချိန်တိုအတွင်း ပြုပြင်ဆောင်ရွက် မိုးညှင်းတွင် ရှေ့ပြေးအစုန်တိုက်ကင်းရထား တွဲချော်မှုဖြစ်ပွား အချိန်တိုအတွင်း ပြုပြင်ဆောင်ရွက် Reviewed by THITHTOOLWIN on 23:55 Rating: 5
Powered by Blogger.