(၁၂)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံး


ခင်ဦး ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် လက်ကံကုန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်တွင် (၁၂)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှုး ဦးအေးမြင့်ထံမှသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် နံနက် ၄ နာရီ ၂ မိနစ်က ကန့်ဘလူမြို့နယ်မှ ရွှေဘိုမြို့ဘက်သို့ မြစ်သားမြို့နေ ယာဉ်မောင်း နန်းထိုက်အောင် မောင်းနှင်လာသော ကျောက်မီးသွေးများတင်ဆောင်လာသည့် Counder (၁၂)ဘီး အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ရှိ မယ်ဇလီပင်အား ဝင်ရောက်တိုက်မိ၍ လမ်းပိတ်ဆို့နေကြောင်းသတင်းအရ ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ခင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူခ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၈)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက် ကျော်ဝင်းဆိုင်(၄၆ နှစ်)မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးပြီး ယာဉ်မောင်း နန်းထိုက်အောင်(၂၆ နှစ်) မှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်)ရရှိ၍ (၁၂)ဘီးယာဉ် ကားခေါင်းပိန့်၊ ကားဘော်ဒီပျက်စီးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း(၂၀)ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မြစ်သားမြို့နေ ယာဉ်မောင်း နန်းထိုက်အောင်အား ခင်ဦးမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ထွန်းမြင့်အောင် (ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
(၁၂)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံး (၁၂)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံး Reviewed by THITHTOOLWIN on 03:55 Rating: 5
Powered by Blogger.