လူသတ် တရားခံအား (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ


ဟင်္သာတ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ကြံခင်းမြို့နယ်၌ဖြစ်ပွားခဲ့သည့်လူသတ်မှုအားရဲတပ်ဖွဲ့က (၂၄)နာရီအတွင်းဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်းဇူလိုင်(၉)ရက်နေ့၌ ထုတ်ပြန်ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့၊ ဘက်ရဲနယ်မြေ ရဲစခန်းပိုင်တွင် တရားလို ဦး(----)၏သမီး မ(-----)သည် ၃.၇.၂၀၁၉ ရက် ၂ နာရီ ခန့်တွင် ကြံခင်းမြို့နယ် အလုံအုပ်စု၊ ကြားအင်းလေးရွာရှိ သူငယ်ချင်းဖြစ်သူ မ (------)ထံသို့ နှီးဝယ်ယူရန် ထွက်သွားရာမှ ပြန်မလာသဖြင့် လိုက်လံစုံစမ်းရှာဖွေရာ ၎င်းစီးနင်းသွားသော ၅၀ ယ/-----Smash 110 ဆိုင်ကယ်အား ၄.၇.၂၀၁၉ ရက် ၆ နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီး နယ်ခြားမှတ်တိုင် အမှတ် ၁၀၂/၁ အနီး ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးတွင် ပြန်လည်တွေ့ရှိခဲ့သည်။

တရားလို၏သမီးဖြစ်သူ မ(-----)မှာ ပျောက်ဆုံးနေသဖြင့် ဘက်ရဲနယ်မြေရဲစခန်းသို့ ၄.၇.၂၀၁၉ ရက်နေ့တွင် လာရောက် တိုင်တန်းခဲ့ရာ ဘက်ရဲနယ်မြေရဲစခန်းက အမှုဖွင့်ပြီး ဘက်ရဲနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့များနှင့်အတူ လိုက်လံဝိုင်းဝန်းရှာဖွေခဲ့ရာ ၅.၇.၂၀၁၉ ရက် ၆ နာရီ ၄၅ မိနစ် အချိန်တွင် ပုသိမ်-မုံရွာ ကားလမ်းမိုင်တိုင်အမှတ် ၁၀၁/၁၊ (၃)ဖာလုံအကွာ တွင် ကြံခင်း- ဥသျှစ်ပင် မီးရထားလမ်းနှင့်ပေ (၅၀)ခန့်အကွာ မြေချိုင့်ထဲတွင် မ(-----)၏ အလောင်း အား မြောက်ဘက်သို့ဦးခေါင်းပြု၍ မှောက်လျက်အနေအထားဖြင့် ထိုးသွင်းဒဏ်ရာ(၈)ချက်ဖြင့် သေဆုံး လျက်တွေ့ရှိရသည်။ တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ တရားခံ နိုင်မင်းထွန်း(ခ) ပွားကျယ်သည် ကြာအင်းလေးကျေးရွာ၊ အလုံအုပ်စု၊ ကြံခင်းမြို့နယ်နေသူမှာ ပြစ်မှုကျူးလွန်သူဖြစ်ကြောင်း မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အမှုအား လူသတ်မှုရေးဖွင့်ပြီး (၂၄)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ဟင်္သာတခရိုင်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရ သိရသည်။


ကျော်ကျော် (မလိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လူသတ် တရားခံအား (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ လူသတ် တရားခံအား (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:38 Rating: 5
Powered by Blogger.