ချင်းတွင်းမြစ်အတွင်း ကျောက်မီးသွေးတင်တွဲသဘောင်္တစ်စီး တိမ်းမှောက်

ဓာတ်ပုံ-ဇော်မိုး၊သက်နှင်းစိုး
ကလေး၊ဇူလိုင်-၁၅

ကလေးဝမြို့နယ် ဇီးဒေါင့်ကျေးရွာအနီး ချင်းတွင်းမြစ်တွင် ကျောက်မီးသွေးတင် တွဲသဘောင်္တစ်စီး ယနေ့နံနက်ပိုင်းက တိမ်းမှောက်ခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းထံမှ သိရသည်။

ထူးဟန်သစ် ကုမ္ပဏီ(သစ်ချောက်)မှ ကျောက်မီးသွေးတန် ၁၇၅၁ ဒဿ မ ၉ တန်တင်ဆောင်လာသည့် ဇွဲမြင့်ထွန်း(၇) တွဲသဘောင်္သည် မြစ်သာမြစ်ကြောင်းမှ စုန်ဆင်းလာပြီး ချင်းတွင်းမြစ်အရောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-ဇော်မိုး၊သက်နှင်းစိုး
"မနက် ၇ နာရီလောက်က ဖြစ်တာပါ။အခုလောလောဆယ်တော့ စစ်ဆေးနေတုန်းပါပဲ။ကနဦးသတင်းအရတော့ တက်မနဲ့သစ်တုံးညှပ်ပြီး ကျောက်ဆောင်နဲ့ဝင်တိုက်မိ တိမ်းမှောက်တာလို့ သိရတယ်"ဟု ကလေးဝမြို့မရဲစခန်းမှ တာဝန်ရှိသူကပြောပြသည်။

အဆိုပါတိမ်းမှောက်ခဲ့မှုနှင့်ပတ်သက်၍ ကလေးဝမြို့မရဲစခန်းမှ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိပြီး တိမ်းမှောက်ရာတွင် လူထိခိုက်ဒဏ်ရာရခြင်း၊သေဆုံးခြင်းမရှိခဲ့ကြောင်း သိရသည်။

သူရိယထက်
Monywa Gazette
https://www.facebook.com/monywagazette
ချင်းတွင်းမြစ်အတွင်း ကျောက်မီးသွေးတင်တွဲသဘောင်္တစ်စီး တိမ်းမှောက် ချင်းတွင်းမြစ်အတွင်း ကျောက်မီးသွေးတင်တွဲသဘောင်္တစ်စီး တိမ်းမှောက် Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.