ကရိန်းဖြင့်ဆွဲလာသောယာဉ်အား နောက်မှဝင်တိုက်မိ၍ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ


ကျောက်တံခါး ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၈၈/၇ နှင့် ၈၉/ဝ အကြား ဇူလိုင် ၄ ရက် ညနေ ၄နာရီ မီနစ် ၂ဝက ကရိန်းယာဉ်ဖြင့်ဆွဲလာသော Express ယာဉ်အားDYNA ယာဉ်မှနောက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် လူသုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။


ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးကျော်တင့် (၅၁ နှစ်) ရန်ပြေ(၈)လမ်း သာကေတမြို့နယ်နေသူသည်YGN-2M/---- ကရိန်းဖြူပြာကြားယာဉ်ဖြင့် YGN-4M/---- SCAN Express အဖြူရောင်ယာဉ်အားဆွဲယူမောင်းနှင်လာစဉ်နောက်မှယာဉ်ကြောတူယာဉ်မောင်း ထောင်သင်ထန် (၅၇ နှစ်) မျောက်ချောတောရွာ ကလေးမြို့နေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ အမျိုးသား(၂)ဦး အမျိုးသမီး(၁)ဦးတို့လိုက်ပါသည့်YGN-2H/---- DYNA အဖြူရောင်ယာဉ်မှအရှိန်မထိန်းနိုင်ဘဲယာဉ်၏ဦးခေါင်းပိုင်းဖြင့် ကရိန်းဖြင့်ဆွဲလာသောExpress ယာဉ်၏နောက်ပိုင်းအားဝင်ရောက်တိုက်မိခဲ့သဖြင့်DYNA ယာဉ်မောင်း ထောင်သင်ထန်တွင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိ(မစိုးရိမ်ရ)အသီးသီးရရှိကာ မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကုသစဉ် ယာင်္ဥမောင်းဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းရဲစခန်းက ယာဉ်မောင်း ထောင်သင်ထန်အား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကရိန်းဖြင့်ဆွဲလာသောယာဉ်အား နောက်မှဝင်တိုက်မိ၍ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ ကရိန်းဖြင့်ဆွဲလာသောယာဉ်အား နောက်မှဝင်တိုက်မိ၍ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.