သမ္မတထရမ့်လက်ထက်မှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို တိုက်ဖျက်ရေး တိုးမြှင့် လုပ်ဆောင်

အမေရိကန်နိုင်ငံထဲမှာ ၂ နှစ် ဆက်တိုက် နေထိုင်ပြီးသူဖြစ်တယ်လို့ သက်သေမပြနိုင်တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လာတဲ့နိုင်ငံကို ပြန်ပို့ခံရမယ်
အမေရိကန်နိုင်ငံမှာတော့ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ လူဝင်ကြီးကြပ်ရေးဆိုင်ရာ တရား သူကြီးတွေက တရား မဝင်ရွှေ့ပြောင်းနေထိုင်သူလို့ ဆုံးဖြတ်လိုက်တဲ့ ရွှေ့ပြောင်းတွေကို လာတဲ့ နိုင်ငံကို မြန်မြန်ပို့ဆောင်ရေးလုပ်မယ့် လုပ်ငန်းစဉ်တစ်ရပ်ကို စတင်ပါပြီ။

ဒါဟာ သမ္မတ ထရမ့် လက်ထက် တခြားနိုင်ငံကလူတွေ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုကို တိုက်ဖျက်ရေး တိုးမြှင့်လုပ်ဆောင်လိုက်တဲ့အဆင့်တစ်ခုလည်းဖြစ်ပါတယ်။

စည်းမျဉ်းသစ်တွေအရ အမေရိကန်နိုင်ငံထဲမှာ ၂ နှစ် ဆက်တိုက် နေထိုင်ပြီးသူဖြစ်တယ်လို့ သက်သေမပြနိုင်တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လာတဲ့နိုင်ငံကို ပြန်ပို့ခံရမှာပါ။

အမေရိကန်အခြေခံဥပဒေပါ လူ့အခွင့်အရေးရရှိရေး လုပ်ဆောင်တဲ့အဖွဲ့ကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တရားရုံးမှာ ရင်ဆိုင်မယ်လို့ပြောထားပါတယ်။

BBC Burmese
https://www.bbc.com
သမ္မတထရမ့်လက်ထက်မှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို တိုက်ဖျက်ရေး တိုးမြှင့် လုပ်ဆောင် သမ္မတထရမ့်လက်ထက်မှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို တိုက်ဖျက်ရေး တိုးမြှင့် လုပ်ဆောင် Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.