တရားခံပြေးကို ကျပ်သိန်း (၁၈၀)ခန့်ရယူကာ လက်ခံထားသူ အုပ်ချုပ်ရေးမှူးဟောင်းကို အမှုဖွင့်


တာချီလိတ်၊ ဇူလိုင် ၂၄

(၆)နှစ်ကျော်ကြာ မူးယစ်ဆေးဝါးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးကို ဖမ်းဆီးရမိပြီး စစ်ဆေးရာကနေ အဲဒီတရားခံပြေးကို ငွေကြေးရယူကာ လက်ခံနေထိုင်ခွင့်ပေးခဲ့တဲ့ ကျိုင်းလတ်မြို့၊ ဝမ်လုံ (၁)ရပ်ကွက်အုပ်ချုပ်ရေမှူးဟောင်းကို ကျိုင်းလပ်နယ်မြေရဲစခန်းမှာ ဇူလိုင်လ ၂၃ရက် မနက်ပိုင်းက အမှုဖွင့် အရေးယူလိုက်တယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ အောင်ကိုလတ်ကို ဇူလိုင်လ ၂ရက်က ကျိုင်းလတ်မြို့၊ မဲခေါင်မြစ်ကူးတံတား မှာ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှာ ကျိုင်းလတ်မြို့၊ ဝမ်လုံ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း အောင်ကြည်လင်း(ခ)ကြည်လင်းဟာ ၂၀၁၇ ခုနှစ်အတွင်းက တရာခံပြေး အောင်ကိုလတ်ကို ၂၀၁၇ ခုနှစ်အတွင်းက သူ့ရဲ့ ညီမဖြစ်သူပိုင်ဆိုင်တဲ့ ခြံအတွင်းမှာ တဲထိုးကာ နေထိုင်ခိုင်းပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ပေးကမ်းရန်အတွက် ထိုင်းဘတ်ငွေ (၃၆၀၀၀၀)(မြန်မာငွေ ကျပ်သိန်း ၁၈၀)ခန့်ကို တောင်းခံ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒါကြောင့် တရားခံပြေးကို သိလျှက်နဲ့ လက်သင့်ခံပြီး ပြစ်ဒဏ်စီရင်ခံရခြင်းမှ ကာကွယ်ဖို့ ငွေကြောင်းတောင်းခံ ရယူခဲ့တဲ့ အောင်ကြည်လင်း(ခ)ကြည်လင်းကို တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်မှာ ဖမ်းဆီးရမိတယ်လို့ တာလေနယ်မြေရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

“ဖမ်းမိတာကတော့ တာချီလိတ်က သူ့မိန်းမ ဈေးရောင်းတဲ့နေရာမှာ ဖမ်းမိတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

အောင်ကြည်လင်း (ခ) ကြည်လင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၃နဲ့ ဇူလိုင်လ ၂၃ရက် မနက် ၁၁နာရီခန့်က တာလေနယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
တရားခံပြေးကို ကျပ်သိန်း (၁၈၀)ခန့်ရယူကာ လက်ခံထားသူ အုပ်ချုပ်ရေးမှူးဟောင်းကို အမှုဖွင့် တရားခံပြေးကို ကျပ်သိန်း (၁၈၀)ခန့်ရယူကာ လက်ခံထားသူ အုပ်ချုပ်ရေးမှူးဟောင်းကို အမှုဖွင့် Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.