တရုတ်ပြည် မှ ပြန်လာသည့် ကျောက်မဲသူတဦး နမ့်ခမ်းမြို့ မြစ်ဆိပ်တွင်သေဆုံး


ဇူလိုင်လ ၃၁ ရက် ၂၀၁၉

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တရုတ်နယ်စပ် ကွန်ဟိုင်းရွာ နှင့် နောင်ခမ်းရွာ လမ်းကြား မြစ်ဆိပ်ဘေးတွင် တရုတ်ပြည်မှပြန်လာသည့် အမျိုးသမီးတဦး၏ အလောင်းကို ရွာသားများတွေ့ရှိကြောင်းသိရသည်။

ဇူလိုင် ၃၀ ရက်နေ့ကတွေ့ရသော အမျိုးသမီး၏ အလောင်းမှာ အသက် ၂၇ နှစ်ရှိ ကျောက်မဲမြို့သူ မစန္ဒာဝင်း ဆိုသူဖြစ်ကြောင်း၊ ၄င်းသည်တရုတ်နိုင်ငံ တွင် သွားရောက် အလုပ်လုပ်ကိုင် ကာ မြန်မာပြည်သို့ ပြန်လာစဉ် လမ်းတွင် သေဆုံးသွားပုံရကြောင်း မျက်မြင်ရွာသားများပြောကြားချက် အရ သိရသည်။

သေဆုံးသူ မစန္ဒာဝင်း ရုပ်အလောင်းကို မူဆယ်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှ တာဝန်ရှိသူများက ကျောက်မဲမြို့ သို့ ပို့ဆောင်ပေးခဲ့သည်။

“ မနေ့က ကျနော်တို့ကို နမ့်ခမ်း ဘက် က အကူအညီတောင်းလာလို့ မစန္ဒာဝင်း ရုပ်အလောင်းကို ညနေ ပိုင်းမှာ သွားသယ်ပါတယ်။ ညတွင်းချင်း ကျောက်မဲကို ရုပ်အလောင်း သွားပို့ပါတယ်။ ကျောက်မဲမြိ့ ရန်ကင်း ရပ်ကွက် ကပါ” ဟု မစန္ဒာဝင်း ရုပ်အလောင်းကို ပို့ဆောင်ပေးသည့် မူဆယ်မြို့ ဂရုဏာ လူမှု အသင်း မှ တာဝန်ရှိသူတဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

တရုတ်ပြည် တွင် အလုပ်လုပ်ကိုင်ကာ အပြင်းဖျားနာပြီး နေရပ်သို့ ပြန်စဉ် သေဆုံးခဲ့သည် ဟု သိရသည်။

ယခုနှစ်ဆန်းက သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း လက်နက်ကိုင် ပဋိပက္ခ များဖြစ်ပွားမှုကြောင့် မိသားစုဝမ်းရေးအတွက် ကျောက်မဲ ဒေသခံ များ သည် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြကြောင်း ကျောက်မဲဒေသခံများပြောပြချက်အရ သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တရုတ်ပြည် မှ ပြန်လာသည့် ကျောက်မဲသူတဦး နမ့်ခမ်းမြို့ မြစ်ဆိပ်တွင်သေဆုံး တရုတ်ပြည် မှ ပြန်လာသည့် ကျောက်မဲသူတဦး နမ့်ခမ်းမြို့ မြစ်ဆိပ်တွင်သေဆုံး Reviewed by THITHTOOLWIN on 23:17 Rating: 5
Powered by Blogger.