တောင်ကိုရီးယားမှာ ခွေးသားကြိုက်သူနဲ့ ဆန့်ကျင်သူတွေ အပြိုင်ဆန္ဒပြ

 အမေရိကန်ရုပ်ရှင်မင်းသမီး ကင်မ်ဘာဆင်းဂါးပါဝင်တဲ့ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေ
တောင်ကိုရီးယား ပါလီမန်ရှေ့မှာ ခွေးသားစားတာကို ထောက်ခံသူနဲ့ ကန့်ကွက်သူအုပ်စုတွေ အပြိုင်အဆိုင် အပြန်အလှန် ဆန္ဒပြခဲ့ကြပါတယ်။

ခွေးသားအတွက် ရောင်းချဖို့ ခွေးမွေးသူတွေ အုပ်စုဘက်က ခွေးသားတွေကို စားပြတာ၊ ခွေးသားစားခြင်းရဲ့ အကျိုးတွေကို ရေးထားတဲ့ လက်ကမ်းစာစောင်တွေ ကမ်းတာ ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် လုပ်ခဲ့ကြပါတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာတော့ အမေရိကန်ရုပ်ရှင်မင်းသမီး ကင်မ်ဘာဆင်းဂါးပါဝင်တဲ့ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက ကြုံလှီနေတဲ့ ခွေးရုပ်ပုံ ပိုစတာတွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

 တောင်ကိုရီးယား ပါလီမန်ရှေ့မှာ ဆန္ဒပြ
တောင်ကိုရီးယားမှာ ခွေးသားစားတာဟာ တရားမဝင်ပေမယ့် တိတိကျကျပိတ်ပင်ထားတာမျိုးလည်း မရှိပါဘူး။ ဒီဘက်နှစ်ပိုင်းတွေမှာ ခွေးတွေကို အိမ်မွေးအဖော်အဖြစ် မွေးလာကြတဲ့ အလေ့အထခေတ်စားလာလို့ ခွေးသားစားတာလည်း လျော့နည်းလာပါတယ်။ တိရိစ္ဆာန်ချစ်သူတွေကတော့ ခွေးသားရောင်းချတာကို လုံးဝ ပိတ်ပင်ပစ်ဖို့ တောင်းဆိုနေကြပါတယ်။

BBC Burmese
https://www.bbc.com
တောင်ကိုရီးယားမှာ ခွေးသားကြိုက်သူနဲ့ ဆန့်ကျင်သူတွေ အပြိုင်ဆန္ဒပြ တောင်ကိုရီးယားမှာ ခွေးသားကြိုက်သူနဲ့ ဆန့်ကျင်သူတွေ အပြိုင်ဆန္ဒပြ Reviewed by THITHTOOLWIN on 05:00 Rating: 5
Powered by Blogger.