မအိုင်မှာကျောင်းလုံခြုံရေးအားနည်းဟုဆိုကာ ဆရာမများကတစ်နေ့ ၃ နာရီသာစာသင်


ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအပ်စု၊ ဥယျာဉ်ပိုင်းကျေးရွာမှ မူလတန်းကျောင်းက ကျောင်းသား/သူ များအား စာသင်ကြားပေးနေတဲ့ဆရာမများ သင်ကြားပို့ချရေးအပိုင်းမှာ အားနည်းနေကြောင်း ကျောင်းသားမိဘများထံမှ သိရပါတယ်။

အဆိုပါကျောင်းတွင်စာသင်ကြားနေတဲ့ဆရာမများ ကျောင်းဆင်းချိန်တွင် အဆောင်တွင်မနေထိုင်ပဲ ၄င်းတို့အိမ်သို့ညအိပ်ပြန်နေတညကြောင့် ကျောင်းတက်ချိန် အချိန်မီမရောက်ရှိပဲ ကလေးများရဲ့ပညာရေးထိခိုက်မှာကို ကျောင်းသားမိဘများစိုးရိမ်နေကြောင်းသိရပါတယ်။


""ဆရာမတွေက ကျောင်းဆင်းရင် သူတို့ရွာကို ပြန်သွားတယ်။ဆရာမတွေက မအိုင်ရွာမှာနေတယ်။ ကျောင်းချိန်က နံနက် ၉ နာရီကနေ ညနေ ၃ နာရီအထိပါ။ ဒီရေအတက်အကျကြည့်ပီး ကလေးတွေကိုစာသင်တယ် ။ မနက်ပိုင်းဒီရေကျချိန်နဲ့ကြုံရင် ဆရာမတွေ ကျောင်းကိုနောက်ကျမှရောက်တယ်။ ဒီလိုနေ့တွေမှာ ကျောင်းသားတွေရဲ့စာသင်ချိန် ပျမ်းမျှ ၃ နာရီလောက်ပဲရှိတယ်။ ဆရာမတွေနေဖို့ကျောင်းနားမှာ အဆောင်ဆောက်ထားပေးတယ် မနေကြဘူး။ စာသင်ချိန်နဲပါးပေမယ့် အချိန်တန်ရင် ကလေးတွေက စာမကြေပဲ တစ်နှစ်တစ်တန်းအောင်နေတော့ စာမတတ်ပဲစာမေးပွဲအောင်နေသလိုဖြစ်နေတယ်""လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အဆိုပါကျောင်းနောက်ဘက်ရှိ ဆရာမများနေထိုင်တဲ့အဆောင်မှာ လုံခြုံမှုမရှိကြောင်း တာဝန်ရှိသူထံမှ သိရပါတယ်။

""ကျောင်းနောက်ဘက်မှာ ဆရာမတွေနေထိုင်ဖို့ အဆောင်ရှိပေမယ့် လုံခြုံမှုမရှိဘူး ။ဒါကိုကျောင်းသားမိဘတွေနဲ့ အစည်းဝေးမှာ တရားဝင်ပြောထားတယ်။ ဒါကြောင့်ဆရာမတွေက သူတို့အိမ်မှာပြန်အိပ်ကြတယ်""လို့ ဥယျာဉ်ပိုင်းကျေးရွာ မူလတန်းကျောင်းမှ ကျောင်းအုပ် ဦးအေးဇော်ထွေးက ပြောပါတယ်။

အဆိုပါမူလတန်းကျောင်းတွင် ကျောင်းအုပ် ၁ ဦး၊ ဆရာ ၂ ဦး ရှိပြီး KG တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား/ကျောင်းသူ ဦးရေ ၄၀ ခန့်ရှိကြောင်းသိရပါတယ်။

Myat Htut - Myeik
https://www.facebook.com/Myat-Htut-Myeik
မအိုင်မှာကျောင်းလုံခြုံရေးအားနည်းဟုဆိုကာ ဆရာမများကတစ်နေ့ ၃ နာရီသာစာသင် မအိုင်မှာကျောင်းလုံခြုံရေးအားနည်းဟုဆိုကာ ဆရာမများကတစ်နေ့ ၃ နာရီသာစာသင် Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.