စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး မိမိကိုယ်မိမိ ရထားကြိတ်ခံ သေဆုံး


တောင်ငူ ဇူလိုင် ၂၈

မန္တလေးမှ ရန်ကုန်သို့ စက်ခေါင်းမောင်း ဦးအောင်ဖေ မောင်းနှင်ပြီး ရထားထိန်း ဦးရန်နောင်လတ် လိုက်ပါသော အမှတ် 206 အစုန်ကုန်ရထားသည် ဇူလိုင် ၂၇ ရက် ညနေ ၆ နာရီခွဲ တွင် ကျေးတောဘူတာ နှင့် တောင်ငူဘူတာအကြား မိုင်တိုင်အမှတ် ၁၆၇/၁၁ နှင့် ၁၂ အကြားအရောက် တောင်ငူမြို့၊ စတီးလမ်း (၉)ရပ်ကွက်နေ၊ ကန်ရိုးကျေးရွာ ၌ဖွင့်လှစ်ထားသည့် ဖီလင် စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်နိုင် (၅၁)နှစ် သည် ၎င်းကုန်ရထားစက်ခေါင်းအမှတ် DF/1229 ၏ ဘီးအောက်သို့ထိုးလဲပြီး လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးသွားကြောင်းသိရှိရသည်။

အမှုကို တောင်ငူမြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး မိမိကိုယ်မိမိ ရထားကြိတ်ခံ သေဆုံး စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး မိမိကိုယ်မိမိ ရထားကြိတ်ခံ သေဆုံး Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.