အိန္ဒိယမှာ မိုးကြီးပြီး အဆောက်အအုံ ပြိုကျလို့ ၁၂ ဦး သေဆုံး

(ဟီမာချာ ပရာဒက်ခ်ျ ပြည်နယ်မှာ မိုးကြီးပြီး ပြိုကျခဲ့တဲ့ အထပ်မြင့်အဆောက်အဦးတစ်လုံးကို တွေ့ရစဉ်)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မိုးကြီးပြီးနောက် သုံးထပ်တိုက်တစ်လုံး တနင်္ဂနွေနေ့က ပြိုကျခဲ့လို့ လူ ၁၂ ဦး သေဆုံးခဲ့ရာမှာ ၁၁ ဦးက စစ်သားတွေ ဖြစ်တယ်လို့ နယူးဒေလီ ကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင် ၁ဝဝ ကျော်က အသက်ရှင်ကျန်ဖွယ်ရှိတဲ့ လူတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဟီမာချာ ပရာဒက်ခ်ျ ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ အဆောက်အဦး ပြိုကျမှုကနေ အသက်မသေ လွတ်မြောက်လာခဲ့တဲ့ စစ်သားတစ်ဦးက သူတို့ သူငယ်ချင်းတွေ မြေအောက်ထပ်က စားသောက်ဆိုင်မှာ ပါတီကျင်းပနေစဉ် အဲဒီ အဆောက်အဦးဟာ ငလျင်လှုပ်သလို ခါယမ်းပြီး ရုတ်တရက်ချက်ချင်း ဆိုသလို ပြိုကျခဲ့တယ်လို့ ပြောပါတယ်။ အိန္ဒိယမှာ မိုးရာသီအတွင်း တည်ဆောက်မှု ညံ့ဖျင်းတဲ့ အဆောက်အဦးတွေ နှစ်စဉ် ပြိုကျလေ့ ရှိပါတယ်။

ဒီအတောအတွင်းမှာပဲ နီပေါလ်နိုင်ငံ လာတဲ့ သတင်းတစ်ပုဒ်မှာတော့ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၆ဝ ကျော်သေဆုံးပြီး ၃ဝ ကျော် ပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယမှာ မိုးကြီးပြီး အဆောက်အအုံ ပြိုကျလို့ ၁၂ ဦး သေဆုံး အိန္ဒိယမှာ မိုးကြီးပြီး အဆောက်အအုံ ပြိုကျလို့ ၁၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.