အရာတော်မြို့နယ်၌ နေအိမ်အတွင်း ဓားဖြင့်ဝင်ရောက်ထိုးသဖြင့် လူ(၁)ဦးသေဆုံး


နေပြည်တော်၊ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဘောင်းကျကျေးရွာနေ စိုးခိုင်(၂၇)နှစ်သည် ဇွန်လ ၂၈ ရက်နေ့ ည ၁၀ နာရီအချိန်တွင် နေအိမ်တွင် မရီးဖြစ်သူ ဒေါ်ယဉ်နု၊ တူမဖြစ်သူ မဝါလှိုင်၊ တူဖြစ်သူ နန်းလှိုင်တို့နှင့်အတူ တီဗွီကြည့်နေစဉ် ၎င်းတို့နှင့်အတူနေထိုင်သော ဖိုးခွား(၂၂)နှစ်မှာ လက်ဘက်ရည်ဆိုင်သို့သွားရာမှ တစ်ရွာတည်းနေ ရွှေအုပ်(၄၂)နှစ်နှင့် စကားများရန်ဖြစ်ကာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး တီဗွီကြည့်နေစဉ် ရွှေအုပ်မှ မကျေနပ်၍ နေအိမ်ခြံဝန်းအတွင်း ရောက်ရှိလာကာ ၎င်းတွင် အသင့်ပါလာသော ဓားမြှောင်ဖြင့် ဖိုးခွားအား ထိုး၍ ထွက်ပြေး သွားခဲ့သည်။

 ဖိုးခွားတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် ရွှေအုပ် အား အရေးယူပေးပါရန် တိုင်တန်းချက်အရ အရာတော်မြို့မရဲစခန်း(ပ)၁၃၄/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ