ရန်ကုန်စည်ပင်သာယာရေးကော်မတီအပေါ် မြို့နေလူထု စိတ်ကျေနပ်မှုနည်းပါး

၃၅ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်း က ရပ်ကွက်နေ ပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း တချို့ ပူးပေါင်း ဆောင်ရွက်နေကြတာပါ။
ရန်ကုန်မြို့အတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပတ်သက်လို့ စစ်တမ်းကောက်ယူတဲ့အခါမှာ မြို့နေလူထု ထက်ဝက်နီးပါးလောက်ဟာ စည်ပင်သာယာရေး ကော်မတီ အပေါ် စိတ်ကျေနပ်မှု မရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ စစ်တမ်းအရသိရပါတယ်။

ဒီစစ်တမ်းဟာ Myanmar Democracy Research Network (MDRN) က ဦးဆောင်ကောက်ယူခဲ့တာဖြစ်တယ်လို့ စစ်တမ်းကောက်ယူရာမှာ ပါဝင်ကူညီခဲ့တဲ့ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းက ဆိုပါတယ်။

မြို့နေလူထု ၄၇ ရာခိုင်နှုန်းက ရန်ကုန်စည်ပင်ရဲ့ အမှိုက်သိမ်းစနစ်၊ ခွေးလေခွေးလွင့်နဲ့ ရေကြီးရေလျှံမှုတွေကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်တဲ့အပေါ် စိတ်ပျက်မိကြတာဖြစ်တယ်လို့ စစ်တမ်း ကောက်ယူမှုမှာ ဦးဆောင်ပါခဲ့တဲ့ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းဒါရိုက်တာ ဦးမျိုးအောင်ထွေးက ဘီဘီစီကို ပြောပါတယ်။

လမ်းတွေနဲ့ ပတ်သက်တာဆိုရင် ရေစီးရေလာကောင်းခြင်းမကောင်းခြင်းနဲ့ ပတ်သက်လို့လည်း သိပ်ကျေနပ်မှု မရှိကြဘူးလို့ ဦးမျိုးအောင်ထွေးက ဆိုပါတယ်။

ဒီလိုပြဿနာတွေအပြင် ရန်ကုန်စည်ပင်သာယာရေး ကော်မတီဟာ လမ်းဘေးဈေးသည်ကိစ္စ၊ ကျုးကျော်ကိစ္စတွေအပါအဝင် ဌာနဆိုင်ရာပိုင်းမှာ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းတယ်ဆိုပြီး ထောက်ပြပြောဆိုတာတွေလည်း ရှိနေပါတယ်။

အခုထွက်ရှိလာတဲ့ စစ်တမ်းနဲ့ ပတ်သက်လို့ ရန်ကုန်စည်ပင်ကော်မတီဝင်တွေကို ဘီဘီစီက ဆက်သွယ် မေးမြန်းတာကို ငြင်းဆိုခဲ့ပြီး လစဉ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကျမှ မေးဖို့ပြောခဲ့ပါတယ်။

YCDC အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုအပေါ် မေးမြန်းတဲ့ MDRN ရဲ့ စစ်တမ်းကို ရန်ကုန်နိုင်ငံရေး သိပ္ပွကျောင်းအပါအဝင် သုတေသနအဖွဲ့ ၇ ဖွဲ့က ပူးပေါင်းကောက်ယူခဲ့တာ ဖြစ်ပြီး ရန်ကုန်မြို့တွင်းက သဃန်းကျွန်း၊ အလုံ၊ ဗဟန်း၊ မင်္ဂလာတောင်ညွှန့် ၊ အင်းစိန်နဲ့ လှိုင်သာယာစတဲ့ မြို့နယ်ပေါင်း ၁၆ မြို့နယ်က မြို့ခံလူထုကို မေးမြန်းကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ