ဖေ့စ်ဘွတ်ပေါ်ကနေ ချစ်ကြိုက်ပြီး တရုတ်မယားအဖြစ်ရောင်းစားရန်ကြံသူကို ကျိုင်းတုံတွင် ဖမ်းဆီး


တာချီလိတ်၊ ဇူလိုင် ၇

ဖေ့စ်ဘွတ်ပေါ်ကနေတစ်ဆင့် ချစ်ကြိုက်ခဲ့သူကို လက်ထပ်ရယူကာ တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ရောင်းစားရန်ကြံစည်သူကို ကျိုင်းတုံမြို့မှာ ဇူလိုင်လ (၅)ရက်က ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ (၂)လခန့်က ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မသန်းသန်းမြင့်ဆိုသူဟာ ဖေ့စ်ဘွတ်ပေါ်ကနေ တစ်ဆင့် သန်းထိုက်ဆိုသူနဲ့ ချစ်ကြိုက်ခဲ့တယ်လို့ သိရပါတယ်။

သန်းထိုက်ဟာ တရုတ်နိုင်ငံက စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကာ တစ်လကို ကျပ် (၆)သိန်း၊ (၇)သိန်းခန့် လစာရရှိကြောင်း မသန်းသန်းမြင့်ကို ပြောဆိုခဲ့ပြီး လက်ထက်ပြီးပါက တင့်တောင်းတင့်တယ်ထားမည်ဟုဆိုကာ မသန်းသန်းမြင့်ကို မြန်မာနိုင်ငံကို ပြန်လာခိုင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။

ဇွန်လ (၅)ရက်မှာ မသန်းသန်းမြင့် ဘန်ကောက်ကနေ မြဝတီကို ပြန်လာပြီး လာကြိုတဲ့သန်းထိုက် နဲ့အတူ ရန်ကုန်၊ ကျိုင်းတုံ၊ မိုင်းလား လမ်းကြောင်းအတိုင်း လိုက်ပါလာပြီး ဇွန်လ (၉)ရက်မှာ မိုင်းလားကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းလားကို ရောက်ရှိတဲ့အခါ သန်းထိုက်က ၎င်းရဲ့ သူဌေးမဆိုသူ မမိုးယုနဲ့ ပေါင်းကာ မသန်းသန်းမြင့်ကို တရုတ်မယားအဖြစ်ရောင်းစားဖို့ ကြံစည်တာကြောင့် မသန်းသန်းမြင့်က ဇူလိုင်လ (၃)ရက်မှာ လူကုန်တားရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

တိုင်ကြားမှုကြောင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စစ်ဆေးပြီး သန်းထိုက်ဆိုသူကို ဇူလိုင်လ (၅)ရက်က ကျိုင်းတုံလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး လူကုန်တား ဥပဒေနဲ့ အမှုဖွင့် အရေးယူကာ နောက်ထပ် ပါဝင်သူတွေဖြစ်တဲ့ မိုးယုနဲ့ ၎င်းရဲ့ဖခင်တို့ကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
ဖေ့စ်ဘွတ်ပေါ်ကနေ ချစ်ကြိုက်ပြီး တရုတ်မယားအဖြစ်ရောင်းစားရန်ကြံသူကို ကျိုင်းတုံတွင် ဖမ်းဆီး ဖေ့စ်ဘွတ်ပေါ်ကနေ ချစ်ကြိုက်ပြီး တရုတ်မယားအဖြစ်ရောင်းစားရန်ကြံသူကို ကျိုင်းတုံတွင် ဖမ်းဆီး Reviewed by THITHTOOLWIN on 03:50 Rating: 5
Powered by Blogger.