သုံးခွမြို့နယ် တောစွန်းကန်ကျေးရွာ တကော-ဆယ်ရွာ တမံချောင်းအတွင်း လူသေအလောင်းတစ်လောင်းတွေ့


သုံးခွ ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် တောစွန်းကန်ကျေးရွာ တကော-ဆယ်ရွာ တမံချောင်းအတွင်း ဇူလှိုင် ၄ ရက် နံနက် ၉ နာရီခန့်က လူသေအလောင်းတစ်လောင်းတွေ့ရှိကြောင်းသတင်းရရှိသဖြင့် ကတုံးပေါ်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းညွန့်နှင့်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဇော်ဝမ်း (၄၆ နှစ်) တောစွန်းကန်ကျေးရွာ မိကျောင်းကန်ကျေးရွာအုပ်စုသုံးခွမြို့နယ်နေသူဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဇူလှိုင် ၄ ရက် ညနေ ၃ နာရီခန့်က နေအိမ်မှအရက်သေစာသောက်စားပြီးထွက်ခွာသွားရာ ဇူလှိုင် ၅ ရက် နံနက်အထိ နေအိမ်သို့ ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ အကျယ်ပေ ၅ဝ၊ အနက် ၁၅ ပေရှိ တကော-ဆယ်ရွာတမံသီချောင်းအတွင်း ရေနစ်သေဆုံးနေသည်ကို တွေ့ရသဖြင့် တာဝန်ရှိသူများကစစ်ဆေးရာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲရေနစ်သည့်လက္ခဏာဖြင့် သေဆုံးနေကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် သိရှိနိုင်ရန် ကတုံးပေါ်နယ်မြေရဲစခန်းက အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကျော်( သုံးခွ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သုံးခွမြို့နယ် တောစွန်းကန်ကျေးရွာ တကော-ဆယ်ရွာ တမံချောင်းအတွင်း လူသေအလောင်းတစ်လောင်းတွေ့ သုံးခွမြို့နယ် တောစွန်းကန်ကျေးရွာ တကော-ဆယ်ရွာ တမံချောင်းအတွင်း လူသေအလောင်းတစ်လောင်းတွေ့ Reviewed by THITHTOOLWIN on 07:22 Rating: 5
Powered by Blogger.