တနင်္သာရီမြို့နယ်တွင် ၄ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်မှုဖြစ်ပွား


24.7.2019

တနင်္သာရီမြို့နယ် ၊ လယ်သစ်အရှေ့ကမ်းကျေးရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့က ၄ နှစ်အရွယ်မိန်းကလေးငယ်အား ၁၇ နှစ်အရွယ်အမျိုးသားမှ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

လယ်သစ်အရှေ့ကမ်းကျေးရွာတွင်နေထိုင်တဲ့ ဒေါ်……… သည် ၄င်း၏မိခင်နေအိမ်တွင်ထမင်းချက်နေစဉ် သမီးဖြစ်သူ ………(ခ) ………(၄)နှစ်၊ ဟာ အိမ်နီးချင်း မစန်းဌေးရဲ့နေအိမ်မှာဆော့ကစားနေခဲ့တာပါ။နံနက် ၁၀ နာရီခန့်မှ သမီးဖြစ်သူဆော့ကစားတဲ့နေရာမှာမရှိလို့ သမီးနာမည်အော်ခေါ်၍လိုက်လံရှာဖွေရာ ကျေးရွာစာသင်ကျောင်းထဲမှ ထွက်ပြေးလာလို့ ဒေါ်………မှ သမီးဖြစ်သူရဲ့မိန်းမကိုယ်ကိုမသင်္ကာ၍ စမ်းကြည့်ရာ ဘောင်းဘီနှင့်မိန်းမကိုယ်တွင် သုတ်ရည်များပေကျံနေတာတွေ့ရှိသဖြင့် မေးမြန်းရာ တစ်ရွာတည်းနေသူ မောင်ကြည်ယာလင်း(ခ)သံချောင်း ဆိုသူမှ ကျောင်းအိမ်သာအတွင်းမှာ အဓမ္မပြုကျင့်ခဲ့ကြောင်းသိရပါတယ်။

""၄ နှစ်အရွယ်ကလေးမလေးကို ၇ တန်းကျောင်းသားမောင်ကြည်ယာလင်းက ခေါ်သွားပြီးစာသင်ကျောင်းထဲကအိမ်သာထဲမှာ အဓမ္မပြုကျင့်တယ်။သိပ်တော့မကြာဘူး ကိစ္စပြီးသွားတော့ ကလေးမလေးရဲ့ကိုယ်ထည်နဲ့ဘောင်းဘီမှာပေကျံသွားတယ်။ အဲဒီအချိန်မှာ သူ့အမေက ကလေးမလေးပျောက်လို့ လှမ်းအော်ခေါ်တဲ့အသံကြားလို့ ကလေးမလေးက အပြင်ထွက်လာပြီး အိမ်သာတံခါးဂျက်ကိုထိုးခဲ့တယ်။ အမေနဲ့ပြန်တွေ့တဲ့အချိန် မသင်္ကာလို့စမ်းကြည့်တော့သုတ်ရည်ပေနေတာတွေ့တယ်။ ကလေးမလေးကိုမေးတော့ "ကိုကို"က သူ့ကိုလုပ်တယ်လို့ပြောတယ်။ လူကြီးတွေကအိမ်သာကိုသွားစစ်ဆေးတော့ ကြည်ယာလင်းကို အိမ်သာထဲမှာတွေ့ရတယ်""လို့ တနင်္သာရီမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဓမ္မပြုကျင့်သူ မောင်ကြည်ယာလင်း(ခ) သံချောင်း(၁၇)နှစ်၊ အား တနင်္သာရီမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik
https://www.facebook.com/Myat-Htut-Myeik
တနင်္သာရီမြို့နယ်တွင် ၄ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်မှုဖြစ်ပွား တနင်္သာရီမြို့နယ်တွင် ၄ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:20 Rating: 5
Powered by Blogger.