ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည် စတင်တော့မည်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းခွင်တနေရာ။
ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေ ပူးပေါင်းအကောင်အထည်ဖော်မယ့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအသစ်ကို အကောင်အထည်ဖော်မယ့်အကြောင်း ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ဒီကနေ့ ကြေညာမယ်လို့ သတင်းရရှိပါတယ်။

အကြီးစား စက်မှုလုပ်ငန်းတွေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်မယ့် အဲဒီစီမံကိန်းကို ဆောင်ရွက်ဖို့ ၂ဝ၁၅ ခုနှစ်မှာ သုံးနိုင်ငံအကြား သဘောတူညီချက် ရေးထိုးခဲ့ပါတယ်။
အခု မွမ်းမံပြင်ဆင်ထားတဲ့ စီမံကိန်းအသစ်အရ အသေးစားစက်မှုလုပ်ငန်းတွေနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး ဆိပ်ကမ်းတည်ဆောက်ရေးကို ဦးစားပေးမှာဖြစ်ပြီး ၂ဝ၃ဝ ခုနှစ်မှာ အပြီး အကောင်အထည်ဖော်ဖို့ ရည်မှန်းထားပါတယ်။ ဒီစီမံကိန်းအသစ်နဲ့ ပတ်သက်ပြီး သုံးနိုင်ငံကိုယ်စားလှယ်တွေ လာမယ့် ဆောင်းရာသီမတိုင်မီ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သိရပါတယ်။

ဂျပန်အစိုးရဟာ ထားဝယ်စီးပွားရေးဇုန် စီမံကိန်းကို အရှေ့တောင်အာရှမှာ သြဇာလွှမ်းမိုးမှု ပိုမိုရရှိရေးအတွက် အခွင့်အရေးတခုအဖြစ် ရှုမြင်ထားပြီး ဒါဟာ ဗီယက်နမ်ကနေ ကမ္ဘောဒီးယားနဲ့ ထိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံကနေ တဆင့် အိန္ဒိယသမုဒ္ဒရာကို လမ်းဖွင့်ပေးမယ့် စီးပွားရေး စင်္ကြန်ဖြစ်တယ်လို့လည်း တိုကျိုက လာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ