စစ်​ကိုင်း​မြို့​တွင်​​ ကေတီဗွီကုန်​ကျ​ငွေကိစ္စနှင့်စကားများရာ​မှ ဓားထိုးမှုဖြစ်ပွား


စစ်ကိုင်း ဇူလိုင် ၇

စစ်ကိုင်းမြို့တွင် KTV အခန်းခ ကျသင့်ငွေကိစ္စနှင့်စကားများရာမှ ဓားထိုးမှု ဇူလိုင် ၅ ရက် ည ၉ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရသည်။

စစ်ကိုင်းမြို့ ဇေယျာကွက်သစ်ရပ်နေ ကျောက်လုံး (ခ) ဇင်မင်းထက်(၂၁ နှစ်) သည် စစ်ကိုင်းမြို့ ၊ရွာထောင်ရပ်နေ ထွန်းလင်းအောင်(ခ)ထွန်းလင်း(၂၀ နှစ်) အား ဇေယျာရပ်ကွက် ဓမ္မာရုံရှေ့တွင် ချွန်ထက်သောအရာဖြင့်ထိုးသွင်းသောကြောင့် ထွန်းလင်းအောင်(ခ)ထွန်းလင်းမှာ စိုးရိမ်ဒဏ်ရာရရှိရာ စစ်ကိုင်းမြို့ဆေးရုံသို့ပို့ဆောင်ပေးပြီး ဆက်လက်ကုသမှုခံယူရန် မန္တလေးဆေးရုံကြီးသို့လွှဲပြောင်းပေးပို့ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။


၎င်းတို့နှစ်ဦးမှာ ဇူလိုင် ၄ ရက်က စစ်ကိုင်းမြို့ရှိ KTV ဆိုင်တစ်ဆိုင်သို့သွာရောက်ခဲ့ကြရာမှ ကုန်ကျငွေ ငွေကျပ်(၁၅၀၀၀) နှင့်ပတ်သက်ပြီးစကားများခဲ့ကြ၍ ဝမ်းဗိုက်အား ချွန်ထက်သောအရာဖြင့်ထိုးသွင်းခြင်းဖြစ်ကြောင်း၊ ယင်း ကိစ္စနှင့်ပတ်သက်၍ အထိုးခံရသူ ၏အမဖြစ်သူ မသန်းသန်းစိုး(၃၅ နှစ်)က ဇူလိုင် ၆ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့မရဲစခန်းသို့ တိုင်ကြားရာ စစ်ကိုင်းမြို့မရဲစခန်းက အမှုဖွင့်ခဲ့ကြောင်း သိရသည်။

အမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် စစ်ကိုင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ခိုင်စိုးထွန်း၏ ညွှန်ကြားမှုဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်ကျော်၊ နယ်ထိန်းတပ်ဖွဲ့ဝင် ဒုတပ်ကြပ် အေးမင်းထက်တို့မှ ၎င်းသွားလာတတ်သောနေရာများအား စုံစမ်းရှာဖွေခြင်း၊၎င်း၏ မိဘဆွေမျိုးများ၊ ဇေယျာရပ်ကွက် ဆယ်အိမ်မှူးများစသည့် စည်းရုံးခြင်းများ ဆောင်ရွက်ခဲ့ရာမှ ဇူလိုင် ၆ ရက် မွန်းလွဲ ၂ နာရီခွဲ၌ စစ်ကိုင်းမြို့မရဲစခန်းသို့ ၎င်း၏ မိဘများမှ လာရောက်အပ်နှံပေးခဲ့ကြောင်း သိရသည်။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စစ်​ကိုင်း​မြို့​တွင်​​ ကေတီဗွီကုန်​ကျ​ငွေကိစ္စနှင့်စကားများရာ​မှ ဓားထိုးမှုဖြစ်ပွား စစ်​ကိုင်း​မြို့​တွင်​​ ကေတီဗွီကုန်​ကျ​ငွေကိစ္စနှင့်စကားများရာ​မှ ဓားထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 04:18 Rating: 5
Powered by Blogger.