AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူများအား ဖမ်းဆီးရမိ


နေပြည်တော် ဇူလိုင် ၁၆

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကန်စောက် ကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့် အကွာနေရာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် ပုဏ္ဏားကျွန်းဘက်မှ ကျောက်တော်ဘက်သို့ စေတီနန်းကျေးရွာနေ ယာဉ်မောင်း ကျော်မြင့်(ဘ) ဦးမောင်သိန်း မောင်းနှင် လာပြီး ယာဉ်ပေါ်တွင် ယိုးတရုတ် ကျေးရွာနေသူများဖြစ်သည့် မင်းနိုင်ဌေး (ဘ) ဦးကျော်ဇင်အောင်နှင့် မောင်ဦး ငြိမ်းဝေ(ဘ) ဦးဘသန်းတို့ လိုက်ပါလာ သည့် Starex အမျိုးအစား ယာဉ် အမှတ်၊ BGO- 3P/---- မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ် ပေါ်တွင် လက်လုပ်ခါးချိုး တစ်လုံးထိုး သေနတ် တစ်လက်၊ ၅ ဒသမ ၅၆ မမကျည် ၂၈ တောင့်၊ အရိုးအသွား ၉ လက်မခန့်ရှိ ဓားတစ်ချောင်း၊ အရိုး အသွား ၃ ပေ ၆ လက်မခန့်ရှိ ဓားရှည် တစ်ချောင်း၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ (စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ်ကျပ်သိန်း ၄၀ ခန့်)၊ လက်ကိုင်ဖုန်းငါးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေး မေးမြန်းချက်အရ ယိုးတရုတ်ကျေးရွာနေ ထွန်းဝင်း (ဘ)ဦးမောင်ရွှေဇံသည် AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုရှိကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေရာ နေအိမ် အတွင်း ၎င်းနှင့်အတူ ဦးသန်းရွှေ(ဘ) ဦးဝေဖြူအောင်တို့အား AA အဖွဲ့၏ ဒဏ်ရာရရှိမှု မှတ်တမ်း ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များအား Viber ဖြင့် အပြန်အလှန်ပေးပို့ထား သည့် Kambo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ ပြည်ပငွေလွှဲ Western Union ငွေလွှဲပြေစာများ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြု ထားသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိ သူများ၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မော်တော် ယာဉ်တို့အား ကန်စောက်နယ်မြေ ရဲစခန်းနှင့် ယိုးတရုတ်နယ်မြေ ရဲစခန်းတို့သို့ စနစ်တကျ လွှဲပြောင်း အပ်နှံ၍ တရားဥပဒေအရ အရေးယူနိုင် ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူများအား ဖမ်းဆီးရမိ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.