မရမ်းကုန်းမြို့နယ်တွင် YBS ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ်တိုက်မိပြီး လူ၂ ဦး သေ၊၂ ဦး ဒဏ်ရာရရှိ

YBS ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ်တိုက်မိမှုအား ကယ်ဆယ်ရေးပြုလုပ်နေစဉ်(ဓာတ်ပုံ-"ရွှေရောင်သမိုင်း"အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေး အသင်း (ERSSDO))
   ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်းမပေါ်တွင် ယနေ့ နံနက် ၅နာရီကျော်က YBS ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူ၂ ဦး သေ၊၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သော မရမ်းကုန်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။

“Hijet ကားကတော့ ခေါင်းခန်း ကြေမွပြီး ပြားသွားတယ်၊ခရီးသည်တင်ကားကတော့ ရှေ့ပိုင်းပဲ ထိခိုက်တယ်၊ ယာဉ်မောင်းက ခေါင်းခန်းမှာ ညှပ်ပြီး သေသွားတယ်”ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

(၈)မိုင်ဘက်မှ မောင်းနှင်လာသော Hijet ယာဉ်သည် အရှိန်လွန်ကာ YBS ခရီးသယ်တင်ယာဉ်အား မျက်နှာချင်းဆိုင်တိုက်မိကြောင်း သိရသည်။

ယင်းတိုက်မိမှုကြောင့် Hijet ယာဉ်ပေါ်ပါ လူ ၄ ဦး အနက် ခေါင်းခန်းရှိ  အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ကျန် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မရမ်းကုန်းမြို့နယ်တွင် YBS ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ်တိုက်မိပြီး လူ၂ ဦး သေ၊၂ ဦး ဒဏ်ရာရရှိ မရမ်းကုန်းမြို့နယ်တွင် YBS ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ်တိုက်မိပြီး လူ၂ ဦး သေ၊၂ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 01:16 Rating: 5
Powered by Blogger.