ရန်ကုန်တိုင်းအစိုးရက SMEs လေးသောင်းထဲက ၆၃ခုသာ ငွေချေးနိုင်ဖို့ ထောက်ခံနိုင်

 SMEs ၆၃ ခုကိုပဲ ထောက်ခံချက်ပေးနိုင်
ရန်ကုန်တိုင်းထဲမှာက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း SMEs စုစုပေါင်း လေးသောင်းထဲကမှ လုပ်ငန်း ၆၃ခုသာ ပုဂ္ဂလိကဘဏ်တွေနဲ့ချိတ်ဆက်ပြီး ငွေချေးယူနိုင်ဖို့ တိုင်းအစိုးရက ထောက်ခံချက်ပေးထားတယ်လို့ တတိယတစ်နှစ်တာလုပ်ငန်းများနဲ့ပက်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

ရန်ကုန်တိုင်းက မြန်မာတနိုင်ငံလုံးရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၂၅ရာခိုင်နှုန်းအထိရှိပြီး အဲဒီထဲမှာ SMEs တွေရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုးတွေလည်းပါဝင်သလို၊ SMEs လုပ်ငန်းတွေက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတဲ့နေရာကပါဝင်နေတယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေ ကရော အစိုးရကပါ အသိအမှတ်ပြုထားပါတယ်။

    လုပ်ငန်းရှင်တွေ အတွက် ဘဏ်တိုးနည်း အထူးအစီအစဉ်

"SMEs ၆၃ ခုကိုပဲ ထောက်ခံချက်ပေးနိုင်တယ်ဆိုတာ ရှိတဲ့ပမဏနဲ့ ပြန်တွက်ကြည့်ရင်တော့ နည်းတယ်လို့ ပြောလို့ရတယ်။ ရန်ကုန်ကော၊ တနိုင်ငံလုံးကလုပ်ငန်းတွေက SMEs များတယ်" လို့ လုပ်ငန်းရှင်တစ်ဦး လည်းဖြစ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ဘီဘီစီ ကိုပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရရဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်များဖွံဖြိုးတိုးတက်ရေး အေဂျင်စီက တိုင်းအတွင်းက SMEs လုပ်ငန်းပေါင်း လေးသောင်းထဲကမှ ၁၁၅ခုကိုရွေးချယ်ပြီး အဲဒီထဲကလုပ်ငန်း ၆၃ခုကိုသာ ထောက်ခံလက်မှတ်ထုတ်ပေးနိုင်ခဲ့တာပါ။

BBC Burmese
https://www.bbc.com
ရန်ကုန်တိုင်းအစိုးရက SMEs လေးသောင်းထဲက ၆၃ခုသာ ငွေချေးနိုင်ဖို့ ထောက်ခံနိုင် ရန်ကုန်တိုင်းအစိုးရက SMEs လေးသောင်းထဲက ၆၃ခုသာ ငွေချေးနိုင်ဖို့ ထောက်ခံနိုင် Reviewed by THITHTOOLWIN on 02:22 Rating: 5
Powered by Blogger.