ကွမ်းယာဆိုင် လက်တောက်ခုံတွင် စနောက်ရာမှ ဓားခုတ်မှုဖြစ်၍ လူတစ်ဦးသေဆု


မုံရွာ၊ဇွန် ၂၅

မုံရွာမြို့ ထန်း​တော ​နှင့်နန္ဒဝန်ရပ်​ကွက်​ ကြား ဂန့်​​ဂေါလမ်း တံတာဦး​ဘုန်းကြီး​ကျောင်းအနီး ကွမ်းယာဆိုင်​ လက်တောက်ခုံတွင်​ လူငယ်ချင်း စနောက်ရာမှ ဓားခုတ်မှုဖြစ်ပွားပြီး တစ်ဦး ပွဲချင်းပြီး သေဆုးံခဲ့သည်။

ဓားခုတ်ခံရ၍ သေဆုးံသူမှာ နန္ဒဝန်ရပ်ကွက်မှ မောင်မောင်စိုး ( ခ) စိုးမောင်မောင် ၊ကျောက်ဂွေ၊ကျောက်တိုင် လုပ်ငန်းလုပ်သူ ဖြစ်ကြောင်း သိရသည်။

"ကွမ်းယာဆိုင်မှာ လက်တောက်ခုံရှိတယ်၊ တစ်လုးံအကျန်ပေးမယ် ဘာာညာနဲ့ပြောကြရင်း အပြောခံရတဲ့ကောင်လေးက အိမ်ပြန်သွားတာ၊ခဏနေတော့ သူ့အစ်ကိုက လာပြီး ခုတ်တာလို့ ကွမ်းယာဆိုင်က ကောင်မလေးကပြောတယ်၊ ခုတ်ခံရတဲ့သူတွေက ဆိုင်လား၊မဆိုင်လားတော့မသိဘူး "ဟု နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ကပြောသည်။

ဓားဖြင့် ခုတ်သူမှာ ထန်းတော ရပ်ကွက်မှ ဖြစ်ပြီး အခုတ်ခံရသူ ကျန်လူငယ်နှစ်ဦးကိုလည်း မုံရွာဆေးရုံကြီး သို့ ပို့ဆောင်ထားသည်။

"ခုတ်တယ်လို့ ယူဆရတဲ့သူ ကို ခုထိရှာနေတုန်းပဲ မတွေ့သေးဘူး "ဟု ထန်းတော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုဝင်း ကပြောသည်။

ကိုအောင်ကြီး
Monywa Gazette
https://www.facebook.com/monywagazette
ကွမ်းယာဆိုင် လက်တောက်ခုံတွင် စနောက်ရာမှ ဓားခုတ်မှုဖြစ်၍ လူတစ်ဦးသေဆု ကွမ်းယာဆိုင် လက်တောက်ခုံတွင် စနောက်ရာမှ ဓားခုတ်မှုဖြစ်၍ လူတစ်ဦးသေဆု Reviewed by THITHTOOLWIN on 00:46 Rating: 5
Powered by Blogger.