ပွင့်ဖြူမြို့နယ် ကနီကျေးရွာအနီးမြောက်မုန်းမြောင်းမကြီး အတွင်း ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ပဲတိမ်းမှောက်မှုဖြစ်ပွား

သံဃာတစ်ပါးနှင့် အမျိုးသမီးတစ်ဦးအခင်းဖြစ်နေရာတွင် သေဆုံး

ပွင့်ဖြူ ဇွန် ၆

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကနီကျေးရွာအနီးအရှေ့မှ အနောက်သို့ ရှောက်တော - မဲဇလီသွားလမ်းဘေးမြောက်မုန်းမြောင်း မကြီးထောင်တိုင်အမှတ် (၂၀ / ၂၁) ကြားဇွန် ၅ ရက် ၊ ညနေ၆နာရီ ၁၅ မိနစ် အချိန်ခန့်က ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ပဲမြောင်းမကြီး အတွင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးအဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့် သံဃာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးအခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၅ ရက် ၊ ယနေ့ ညနေ၆နာရီ ၁၅ မိနစ် ဝန်းကျင်ခန့်က ပွင့်ဖြူမြို့နယ် ကနီကျေးရွာအနီးအရှေ့မှ အနောက်သို့ မြောက်မုန်း မြောင်းမကြီးထောင်တိုင်အမှတ် (၂၀/၂၁)ကြားတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ပဲတိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော် ၊ ပွင့်ဖြူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အေးဇော်နှင့် တပ်ဖွဲ့ဝင်များသည် မဲဇလီနယ်မြေရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အတူသက်သေအဖြစ် ကနီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ရပ်မိရပ်ဖများလိုက်ပါ၍ အခင်းဖြစ်နေရာအားသွားရောက် ကြည့်ရှုစစ်ဆေးရာမဲဇလီကျေးရွာအုပ်စု ၊ လယ်မကျေးရွာပုဗ္ဗဝိဟာရ ရွာဦးကျောင်းတိုက်ဆရာတော် ဦးသံဝရ ၊ သက်တော် ၄၀ နှစ် ၊ ဝါတော် ၂၀ မောင်းနှင်ပြီးယာဉ်၏နောက်ခန်းတွင် မင်းဘူးမြို့ ၊ အမှတ်(၁) ရပ်ကွက်နေဒေါ်ညိုညို စီးနင်းလိုက်ပါလာသည့် ယာဉ်အမှတ် YGN/ 2H – ----- CR-V အမျိုးအစားခဲရောင် ယာဉ်သည် ကနီကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ပဲဆည်ရေပေးဝေ သည့် မြောက်မုန်းမြောင်းမကြီးအတွင်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုအားအနီးရှိကျေးရွာသူ၊ ကျေးရွာ သားများမှ ကူညီဆယ်ယူပေးခဲ့သော်လည်းဆရာတော် ဦးသံဝရနှင့် ဒေါ်ညိုညို တို့မှာအခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ သေဆုံးခဲ့သည့် ဆရာတော်နှင့် ဒေါ်ညိုညို တို့အားရဲဆေးစာဖြင့် မဲဇလီတိုက်နယ်ဆေးရုံသို့ စစ်ဆေးရန် ပို့ဆောင်ထားရှိကြောင်းသိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ပွင့်ဖြူမြို့မရဲစခန်းမှ ယာဉ်အားမဆင်မခြင် မောင်းနှင်သူမဲဇလီကျေးရွာအုပ်စု ၊ လယ်မကျေးရွာပုဗ္ဗဝိဟာရရွာဦးကျောင်းတိုက်ဆရာတော် ဦးသံဝရအားယာဉ်(ပ) ၊ ၁၉/ ၂၀၁၉ ၊ ဥပဒေပုဒ်မ - ၃၀၄ က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပွင့်ဖြူမြို့နယ် ကနီကျေးရွာအနီးမြောက်မုန်းမြောင်းမကြီး အတွင်း ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ပဲတိမ်းမှောက်မှုဖြစ်ပွား ပွင့်ဖြူမြို့နယ် ကနီကျေးရွာအနီးမြောက်မုန်းမြောင်းမကြီး အတွင်း ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ပဲတိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 01:20 Rating: 5
Powered by Blogger.