တောင်ငူမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိ


၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ၂၃း၁၅ အချိန်ခန့် က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၁၆၀/၃-၄)ကြား၌ ယာဉ်တိမ်းမှောက်၍ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါယာဉ်ကို ဦးတီလ်ကုန်း(၅၈)နှစ်မောင်းနှင်ပြီး ဒေါ်ဟွတ်မင်(၆၃)နှစ် အပါအ၀င် အမျိုးသမီး ၄ ဦး၊ ပေါင်း ၅ ဦး လိုက်ပါလာသည့် YGN 7D/xxxx Prado ယာဉ်သည် နောက်ဘီးများပေါက်၍ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

 ဒေါ်ဟွတ်မင် နှင့် အမျိုးသမီး ၂ ဦးတွင် နောက်စေ့ပေါက်ပြဲ၊ ရင်ဘတ်ချိုင့်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်တလွဲလှဲ(၄၀)နှစ်တွင် နောက်ကျောနာကျင်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ဦးတီလ်ကုန်းပါ ၂ ဦး(ကျား ၁၊ မ ၁)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့၍ တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။

 ယာဉ်မောင်းဦးတီလ်ကုန်း(၅၈)နှစ်အား ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၂၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်မှာ  ဖော်ပြထားပါသည်။

သစ်ထူးလွင်
တောင်ငူမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိ တောင်ငူမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.