ချောင်​ဦးမြို့နယ်​ သုံးပန်​လှ​ကျေးရွာ ဘုရားဝင်းအတွင်းရှိ စကျင်​​ကျောက်​ဖြင့်ထုလုပ်​ထား​သော ဆင်းတု​တော်​များ ငွေကျပ်၂၂ သိန်းကျော်​ဖိုး ခိုးယူမှုဖြစ်​ပွား


ချောင်​ဦး ဇွန် ၂၄

စစ်​ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်​ ​ချောင်​ဦးမြို့နယ်​ သုံးပန်​လှ​ကျေးရွာ ဘုရားဝင်းအတွင်းရှိ စကျင်​​ကျောက်​ဖြင့်ထုလုပ်​ထား​သော ဆင်းတု​တော်​ ၂၄ ဆူ​ ပျောက်​ဆုံးသွား​ကြောင်း သိရသည်​။


ဖြစ်​စဉ်​မှာ ဇွန် ၂၃ ရက်​​ ည​နေ ၄ နာရီခန့်တွင်​ မုံရွာခရိုင်​​ချောင်းဦးမြို့နယ်​ သုံးပန်​လှ​ကျေးရွာအနီးရှိ​​စေတီ​တော်​တိုက်​ သမ္ဗူလဝင်းအတွင်းရှိ အလို​တော်​ပြည့်ဘုရား လှိုင်ဂူအတွင်းမှ စကျင်​​ကျောက်​ဖြင့်ထုလုပ်​ထား​သော ဘုရားဆင်းတု​တော်​ ၃ ဆူ၊ နှစ်​ကျိတ်​ရှစ်ဆူဘုရား​လှိုင်​ဂူ​တော်​အတွင်းမှ စကျင်​​ကျောက်​ဖြင့်ထုလုပ်​ထား​သော ဘုရားဆင်းတု​တော်​ ၂၁ ဆူ စုစု​ပေါင်း စကျင်ကျောက်​ဖြင့်ထုလုပ်​ထား​သော ဘုရားဆင်းတု​တော်​ ၂၄ ဆူ တန်ဖိုး ငွေကျပ် ၂၂ သိန်းကျော်​​ ပျောက်​ဆုံး​နေ​ကြောင်းစစ်​​ဆေး​တွေ့ရှိရသဖြင့် သုံးပန်​လှ​ကျေးရွာ ဂေါပက ဦး​ကျော်​ခိုင်​က ချောင်​ဦးမြို့နယ်​ အမြင့်နယ်မြေရဲကင်းစခန်းသို့ တိုင်​ကြားထား​ကြောင်း သိရသည်​။

အမြင့်နယ်​​မြေရဲစခန်းမှုး ဒုရဲအုပ်​​ ကျော်​​ကျော်​မှ ဘုရားဆင်းတု​တော်​များ ခိုယူသူအား ဖမ်းမိ​ရေးအတွက်​ နယ်​​မြေခံပြည်​သူများနှင့်ဆက်​သွယ်​​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ချောင်​ဦးမြို့နယ်​ သုံးပန်​လှ​ကျေးရွာ ဘုရားဝင်းအတွင်းရှိ စကျင်​​ကျောက်​ဖြင့်ထုလုပ်​ထား​သော ဆင်းတု​တော်​များ ငွေကျပ်၂၂ သိန်းကျော်​ဖိုး ခိုးယူမှုဖြစ်​ပွား ချောင်​ဦးမြို့နယ်​ သုံးပန်​လှ​ကျေးရွာ ဘုရားဝင်းအတွင်းရှိ စကျင်​​ကျောက်​ဖြင့်ထုလုပ်​ထား​သော ဆင်းတု​တော်​များ ငွေကျပ်၂၂ သိန်းကျော်​ဖိုး ခိုးယူမှုဖြစ်​ပွား Reviewed by THITHTOOLWIN on 03:48 Rating: 5
Powered by Blogger.