ဒူးရင်းသီးတစ်လုံးကို အမေရိကန်ဒေါ်လာ လေးသောင်း ရှစ်ထောင်နဲ့ ရောင်းချခဲ့

အမေရိန်ကန်ဒေါ်လာ ငါးသောင်းနီးပါးနဲ့ ရောင်းခဲ့တဲ့ ဒူးရင်းသီး
ထိုင်းနိုင်ငံ လေလံပွဲတစ်ခုမှာ အသီးတို့ရဲ့ဘုရင် ဒူးရင်းသီးတစ်လုံးကို အမေရိကန်ဒေါ်လာ လေးသောင်း ရှစ်ထောင်နဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီဒူးရင်းသီးကို ပရဟိတအသင်းတစ်ခုက လေလံတင်ရောင်းချ တာလည်းဖြစ်ပါတယ်။

အသီးတို့ရဲ့ဘုရင်လို့ခေါ်တာဒါမှမဟုတ် အနံပြင်းတဲ့ အသီးဆိုတာတွေကတော့ သတ်မှတ်တဲ့သူတွေ အပေါ်မှာပဲ မူတည်ပါတယ်။

ဒါပေမယ့် ဒူးရင်းသီးတစ်လုံးဘယ်လောက်အထိတန်ကြေးရှိတယ်ဆိုတဲ့ မေးခွန်းကို အစားအသောက်ခုံမင် ကြတဲ့ ကြွယ်ဝသူထိုင်းလူမျိုးတွေက ပြီးခဲ့တဲ့အပတ်စနေနေ့က ပြောပြလိုက်သလိုပါပဲ။

ဆူးတွေများပြားလှတဲ့ဒူးရင်းသီးက အရသာရှိလှတယ်ဆိုပေမယ့် အာရှတခွင်လည်း ကြိုက်ကြသူတွေနဲ့ ဒူရင်းသီးမကြိုက်ကြသူတွေအကြား အငြင်းပွားစရာတွေလည်းရှိပါတယ်။

ဒူးရင်းသီးရဲ့ ပြင်းရှတဲ့အနံ့ကြောင့်ပဲ ဟိုတယ်တွေ၊ လေယာဉ်ပေါ်တွေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး နေရာတွေမှာ ကန့်သတ်ထားမှုတွေနေရှိပါတယ်။

BBC Burmese
https://www.bbc.com
ဒူးရင်းသီးတစ်လုံးကို အမေရိကန်ဒေါ်လာ လေးသောင်း ရှစ်ထောင်နဲ့ ရောင်းချခဲ့ ဒူးရင်းသီးတစ်လုံးကို အမေရိကန်ဒေါ်လာ လေးသောင်း ရှစ်ထောင်နဲ့ ရောင်းချခဲ့ Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.