ရှစ်နှစ်အရွယ် ယောက်ျားလေးကဖခင်၏တူမီးသေနတ်ဖြင့် စနောက်ပစ်ခတ်ရာ ၁ဝနှစ်အရွယ် အစ်မဖြစ်သူသေဆုံး


တကောင်း ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်အိုက်ကျေးရွာအုပ်စု၊ သုံးဂွဆုံကျစ်ချောင်းတောတွင် ရှစ်နှစ်အရွယ် ယောက်ျားလေးကဖခင်မရှိခိုက် ဖခင်၏တူမီးသေနတ်ဖြင့် စနောက်ပစ်ခတ်ရာအစ်မအရင်းဖြစ်သူမှာ ခဲစထိမှန်၍ သေဆုံးခဲ့ကြောင်း တကောင်းနယ်မြေရဲစခန်းမှသိရသည်။

ဇွန်လ ၁၅ရက် ညနေ ၅နာရီအချိန်က သပိတ်ကျင်းမြို့နယ်၊ ကျောက်အိုက်ကျေးရွာအုပ်စု၊ သုံးဂွဆုံကျစ်ချောင်းတောနေဖိုးထောင် ၄၂နှစ်သည် ဈေးဝယ်ရာမှ ပြန်လာစဉ် နေအိမ်တဲအတွင်း သမီးဖြစ်သူလှမျိုးသဉ္ဇာနွယ် ၁ဝနှစ်မှာဝဲဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ကျော်ဝင်းထွန်း(၈)နှစ်အား မေးမြန်းရာနေအိမ်ဆင့်ပေါ်တွင် သိမ်းဆည်းထားသော တူမီးသေနတ်အား ယမ်းထည့်ထားခြင်းမရှိဟုထင်မှတ်၍ စနောက်ပစ်ခတ်ရာမှ အစ်မဖြစ်သူအားထိမှန်သေဆုံးသွားခြင်း ဖြစ်ကြောင်းပြောဆိုသိရှိရသဖြင့် ကျောက်အိုက်ကျေးရွာအုပ်ချုပ်ရေးမှူးထံသွားရောက်အကြောင်းကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တကောင်းနယ်မြေရဲစခန်းမှ ဖိုးထောင်အား (ပ) ၇၁/၂ဝ၁၉ လက်နက် ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် ထားပြီး သားဖြစ်သူကျော်ဝင်းထွန်းအားရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ကိုကိုအောင်(တကောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရှစ်နှစ်အရွယ် ယောက်ျားလေးကဖခင်၏တူမီးသေနတ်ဖြင့် စနောက်ပစ်ခတ်ရာ ၁ဝနှစ်အရွယ် အစ်မဖြစ်သူသေဆုံး ရှစ်နှစ်အရွယ် ယောက်ျားလေးကဖခင်၏တူမီးသေနတ်ဖြင့် စနောက်ပစ်ခတ်ရာ ၁ဝနှစ်အရွယ် အစ်မဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.