မလှိုင်မြို့နယ် ထန်းတောကျေးရွာမြောက်ဘက် ရေကျချောင်းအနီး လူတစ်ဦး သေဆုံးမှုဖြစ်


မလှိုင် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ထန်းတောကျေးရွာအုပ်စု ထန်းတောကျေးရွာမြောက်ဘက် ရေကျချောင်းအနီးတွင် ဇွန် ၂၆ ရက် နံနက် ၈နာရီခန့်တွင် လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မလှိုင်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်း တာဝန်ထမ်းဆောင်နေစဉ် ထန်းတောကျေးရွာအုပ်စု ထန်းတောကျေးရွာမြောက်ဘက်ရှိ ရေကျချောင်းအနီး လူတစ်ဦးသေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မလှိုင်မြို့ အမှတ် (၅) ရပ်ကွက် ထန်းတောကျေးရွာနေသူ ဦဇော်မင်းသန်း(ခ)မင်းမင်း(၄၅ နှစ်) ဖြစ်ပြီး ၎င်းသည် ထန်းတောကျေးရွာမြောက်ဘက် အကျယ် ၄ ပေ အနက် ၃ ပေ ခန့်ရှိသော မိုးတွင်းရေကျချောင်းဘေး၌ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိကြောင်း၊ ပတ်ဝန်းကျင်အားမေးမြန်းစုံးစမ်းရာ သေဆုံးသူသည် အရက်အလွန်အကျွန်သောက်စားသူတစ်ဦးဖြစ်ပြီး ဇွန် ၂၅ရက် ည ၈ နာရီခွဲအချိန် မိုးသည်းထန်စွာရွာသွန်းနေစဉ် အရက်သောက်ရန်နေအိမ်မှ ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ကျေးရွာမြောက်ဘက်ရှိ ရေကျချောင်းအနီးတွင် ရေတစ်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိကြောင်း မလှိုင်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းထံမှ သိရသည်။

ဦးဇော်မင်းသန်း(ခ)မင်းမင်း၏ သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်းဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မလှိုင်မြို့နယ် ထန်းတောကျေးရွာမြောက်ဘက် ရေကျချောင်းအနီး လူတစ်ဦး သေဆုံးမှုဖြစ် မလှိုင်မြို့နယ် ထန်းတောကျေးရွာမြောက်ဘက် ရေကျချောင်းအနီး လူတစ်ဦး သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 00:35 Rating: 5
Powered by Blogger.