မင်းပြား ရွှေတမာကျေးရွာအနီး တိုက်ပွဲကြောင့် အရပ်သားတစ်ချို့ထိခိုက်မှုရှိ

(ဓာတ်ပုံ- မြောင်းဘွေဆေးရုံတွင်လည်း လက်နက်ကြီးကျည်ဆံများကျ)

နိရဉ္စရာ၊ ဇွန် ၃/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရွှေတမာကျေးရွာအနီး ဇွန်လ ၂ ရက်နေ့ နေ့လယ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ လက်နက်ကြီးကျည်စများ ထိမှန်၍ မြောင်းဘွေအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသလို ရှမ်းရွာမှ မူဆလင်သားမိ နှစ်ဦးလည်း ဒဏ်ရာ ရရှိသွားသည်ဟု သတင်းရရှိသည်။

မြောင်းဘွေ ဒေသခံ တစ်ဦးက “ မြောင်းဘွေက ဒဏ်ရာရသွားသူက ဒေါ်နှင်းမြရီဖြစ်ပါတယ်။ အိမ်ဝင်းထဲမှာ ရှိနေစဉ် နောက်ကျောကို လာထိတာပါ။ ညနေ ၄ နာရီကျော်လောက်ကပါ။ အခုသူမကို မြောက်ဦးဆေးရုံကို ပို့ဆောင်ထားရပါတယ်” ဟု ပြောကြားသည်။

၎င်းပြင် ရှမ်းရွာမူဆလင်ရွာမှ သားမိနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“ ရှမ်းရွာက မူဆလင်သားမိနှစ်ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အမေဖြစ်သူကို ကလေးကို ပွေ့ချီထားစဉ် လာထိတယ်လို့ ပြောပါတယ်။ ညနေ ၃ နာရီကျော်လောက်မှာလို့ သိရပါတယ်။ အခု မြောင်းဘွေ တိုက်နယ်ဆေးရုံကို ရောက်ရှိနေပါတယ်” ဟု ၎င်းဒေသခံက ပြောကြားသည်။

သေနတ်ကျည်ဆံများ၊ လက်နက်ကြီးမျာမှာ မြောင်းဘွေရွာအတွင်းသို့ ကျရောက်ခဲ့မှုများရှိခဲ့ပြီး မြောင်းဘွေဆေးရုံဝင်းအတွင်းရှိ လူနာဆောင်နှင့် ၀န်ထမ်းနေအိမ်အဆောင်များသို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားရာ အနီးရှိ ရွှေတမာကျေးရွာတွင် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း ဇွန်လ ၂ ရက်နေ့ ညဥ့် ၉ နာရီ အချိန်က ဆက်သွယ်စဉ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

တိုက်ပွဲကြောင့် အနီးအနားကျေးရွာများမှ အရပ်သား ထိခိုက်မှု အများအပြား ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာ အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ခိုင်လူလှ
Narinjara
https://www.facebook.com/narinjaranews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ