နန်းနန်းဘွန်းကျောက်ရွှေဆိုင် နောက်တစ်ဆိုင် အနုကြမ်းစီးခံရ


တာချီလိတ်၊ ဇွန် ၃

လွန်ခဲ့တဲ့ ၂လကျော်က ဓားပြတိုက်ခံရတဲ့ နန်းနန်းဘွန်းကျောက် ရွှေဆိုင်ရဲ့ ဆိုင်ခွဲတစ်ဆိုင်ဖြစ်တဲ့ နန်းနန်းဘွန်းကျောက်ရွှေဆိုင် (၂) ကို ဒီကနေ့ ဇွန်လ ၃ရက် နေ့လည်ပိုင်းက အနုကြမ်းစီးပြီး ရွှေတွေယူသွားတယ်လို့ ကနဦးသတင်းရပါတယ်။


နေ့လည် ၂နာရီခွဲလောက်က မျက်နှာဖုံးစွပ်လူ ၂ဦးက တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ နန်းနန်းဘွန်းကျောက် ၂ ရွှေဆိုင်တွင်းဝင်လာကာ သေနတ်ဖြင့်ချိန်ပြီး ရွှေတွေယူသွားတာ ဖြစ်ပြီး ဆိုင်မှာခင်းကျင်းပြသထားတဲ့ ရွှေ(၈၀)ကျပ်သားခန့် ပါသွားတယ်လို့ သိရပါတယ်။


အနုကြမ်းဝင်စီးသူ (၂)ယောက် ဆိုင်ကယ်မောင်းနှင်သွားတဲ့ နောက်ကို ပတ်ဝန်းကျင်က လူတစ်ဦးက လိုက်တဲ့အခါမှာ သေနတ်နဲ့ ထုတ်ချိန်တယ်လို့ အနုကြမ်းစီးသူတွေနောက်ကို လိုက်ခဲ့သူက ပြောပါတယ်။


"သေနတ်နဲ့ (၃)ခါထုတ်ချိန်တယ်။ အဲဒါနဲ့ ဆက်မလိုက်ရဲတော့ဘူး" လို့ သူက ဆိုပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၂၉ရက်ကလည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း ခ ရပ်ကွက်က နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို လူ ၆ဦးက ဓားပြတိုက်ခဲ့ပါသေးတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
နန်းနန်းဘွန်းကျောက်ရွှေဆိုင် နောက်တစ်ဆိုင် အနုကြမ်းစီးခံရ နန်းနန်းဘွန်းကျောက်ရွှေဆိုင် နောက်တစ်ဆိုင် အနုကြမ်းစီးခံရ Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.