တယ်လီဖုန်းဆက်သွယ်ရေးအသုံးပြုသူ ကာကွယ်ပေးမယ့်စံနှုန်းတွေ အကြံပြုနိုင်

ဆက်သွယ်ရေးဥပဒေပါ အသုံးပြုသူအကာကွယ် ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ အသုံးပြုသူကာကွယ်ပေးရေးဆိုင်ရာ စံနှုန်းတွေကို သတ်မှတ်ပေးရမှာ 
မိုဘိုင်းဖုန်း၊ တယ်လီဖုန်းစတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုအသုံးပြုနေသူတွေကိုအကာကွယ်ပေးဖို့ ထုတ်ပြန်မယ့် စံချိန်စံနှုန်းတွေကိုသတ်မှတ်ဖို့အတွက် သုံးစွဲသူပြည်သူတွေကဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို သွားရောက်အကြံပြုနိုင်ပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆက်သွယ်ရေးဥပဒေပါ အသုံးပြုသူအကာကွယ် ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ အသုံးပြုသူကာကွယ်ပေးရေးဆိုင်ရာ စံနှုန်းတွေကို သတ်မှတ်ပေးရမှာဖြစ်ပါတယ်။

အဲဒီလိုအကာအကွယ်ပေးဖို့အတွက် ပြည်သူတွေတွေ့ကြုံနေရတဲ့အခက်အခဲတွေ၊ အတွေ့အကြုံ တွေကို resource@ptd.gov.mm လိပ်စာကို အီးမေးလ်နဲ့ဖြစ်စေ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို စာနဲ့ဖြစ်စေ ဇွန်လ ၂၈ရက်နောက်ဆုံးထားပြီးပေးပို့အကြံပြုနိုင်ပါတယ်။

ပေးပို့လာတဲ့အကြံပြုချက်တွေအပေါ် အခြေခံကာ"Consumer Protection Code for Public Telecommunication Services, Premium Rate Services & Outbound Voice, SMS & Data Roaming Services (Draft)" ရေးဆွဲထုတ်ပြန်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

BBC Burmese
https://www.bbc.com
တယ်လီဖုန်းဆက်သွယ်ရေးအသုံးပြုသူ ကာကွယ်ပေးမယ့်စံနှုန်းတွေ အကြံပြုနိုင် တယ်လီဖုန်းဆက်သွယ်ရေးအသုံးပြုသူ ကာကွယ်ပေးမယ့်စံနှုန်းတွေ အကြံပြုနိုင် Reviewed by THITHTOOLWIN on 10:47 Rating: 5
Powered by Blogger.