မြန်မာနိုင်ငံဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ဆမ ကိုပိတ်သိမ်းလိုက်တဲ့ ဒေါက်တာ နန်းမွေစံ ကို တွေ့ရစဉ် / Photo: Nang Mwe San -fb |
မြန်မာနိုင်ငံ ဆေးကောင်စီက ဇွန်လ သုံးရက်နေ့ကထုတ်ပြန်တဲ့စာမှာ နန်းမွေစံဟာ လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်မှာ မြန်မာယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုတွေကြောင့်ဖြစ်တယ်လို့ ရေးသားထား ပါတယ်။ နန်းမွေစံကို ဆေးကောင်စီက ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း သတိပေးစာတစ်ကြိမ်ထုတ်ပြန်ခဲ့ပါတယ်။
နန်းမွေစံက ရိုက်တာသတင်းဌာနကိုပြောဆိုရာမှာ ဆေးကောင်စီကစာကြောင့် အံသြ၀မ်းနည်းရပါတယ်လို့ ပြောပြပြီး သူလူနာတွေနဲ့ တွေ့ဆုံစဉ် ဒီလိုဝတ်စားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ဆေးကုသခြင်းလည်းမရှိဘူးလို့ သိရပါတယ်။
RFA Burmese
https://www.rfa.org
ဒေါက်တာ နန်းမွေစံ အယူခံဝင်မည်
Reviewed by THITHTOOLWIN
on
01:56
Rating: