တောင်ဥက္ကလာပမြို့နယ်က တပ်မြို့စည်ပင်ပိုင်နေရာမှာ နေထိုင်သူတွေကို ရှင်းလင်းဖယ်ရှား

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနဲ့ သံသုမာလမ်းထောင့်က တပ်မြို့စည်ပင်ပိုင် တပ်မတော်မြေနေရာကို ၂၀၁၉၊ ဇွန် ၁ ရက်နေ့က ဖယ်ရှားစဉ် /Photo: Htet Arkar/ RFA
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနဲ့ သံသုမာလမ်းထောင့်က တပ်မြို့စည်ပင်ပိုင် တပ်မတော်မြေနေရာမှာ ဆောက်လုပ်ထားတဲ့စက်ရုံ နှစ်ရုံ နဲ့ ဆိုင်ခန်း ၁၃ ခန်းကို ဒီကနေ့ မနက်ကစပြီး အင်အားသုံး ဖယ်ရှားခိုင်းခဲ့ပါတယ်။

ဒီနေ့ မနက် ၇ နာရီကျော်စပြီး တပ်မြို့စည်ပင်အဖွဲ့က အင်အား ၆၀၀ ကျော်နဲ့ ဝင်ရောက် ဖျက်သိမ်း ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာမှာ နေထိုင်သူတွေကို ၂၀၁၆ ခုနှစ်ထဲက ဖယ်ရှားခိုင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ညှိနှိုင်းပေးမှုကြောင့် ၂၀၁၉ ခုနှစ်အထိ ဆက်လက်နေထိုင်ခွင့်ပြုခဲ့တာလို့ အာဏာပိုင်အဖွဲ့တွေက ပြောပါတယ်။

နေရာကနေ ဖယ်ရှားပေးခဲ့ရသူတွေကတော့ သူတို့ဟာ ၂၀၀၀ ပြည့်နှစ်လောက်ထဲက ဝယ်ယူနေထိုင်ခဲ့တဲ့သူတွေဖြစ်ပြီး အစားထိုးမြေနေရာ ဒါမှမဟုတ် လျော်ကြေး တစ်စုံတရာ ရရှိလိုကြောင်း ပြောကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မြို့စည်ပင်ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ