ကျောက်တော်မြို့နယ် သရီချောင်းထဲတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ


စစ်တွေ၊ ဇွန် ၇ /၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရီချောင်းအတွင်း ယနေ့ ညနေ ၃ နာရီခန့်က အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအလောင်းမှာ ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာမှ ဒေါ်သန်းသန်းဝင်း(၄၂)နှစ်ဖြစ်ကြောင်း ကျေးရွာသားတစ်ဦး ပြောပြချက်အရ သိရသည်။

သရက်တပင်ကျေးရွာသားတစ်ဦးက “မနေ့က မနက်ပိုင်းကနေ အိမ်ကထွက်သွားတယ်လို့ ပြောတယ်။ ညနေစောင်းတော့လည်း ပြန်မရောက်ဘူး။ ဒီနေ့မှ ချောင်းကမ်းစပ်မှာ အသေတွေ့တယ်လို့ပြောပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစတင်ပျောက်ဆုံးသွားသည့် သူမအား လိုက်လံရှာဖွေရာ ယနေ့ညနေပိုင်း၌ ကျောက်တစ်လုံးကျေးရွာနှင့် သာယာကုန်းကျေးရွာအကြား သရီချောင်းကမ်းစပ် တစ်နေရာ၌ သေဆုံးလျက်တွေ့ရကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တော်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ဂတ်စာရေးက “ ကျနော်တို့လည်း ကြားပါတယ်။ ဒါပေမဲ့ အခုထိလောင်းမရောက်သေးဘူး”ဟု ဖြေကြားသွားသည်။

လက်ရှိတွင် သေဆုံးသွားသူ၏ရုပ်အလောင်းအား ကျောက်တော်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလအတွင်းက ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားအနီး မြစ်ကမ်းစပ်တွင် အမည်မသိအမျိုးသား အလောင်းတစ်လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

သိန်းဇော် (မောင်တော)
Narinjara
https://www.facebook.com/narinjaranews/
ကျောက်တော်မြို့နယ် သရီချောင်းထဲတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ ကျောက်တော်မြို့နယ် သရီချောင်းထဲတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 01:40 Rating: 5
Powered by Blogger.