မောင်းထောင်ရွာမှ အစုအပြုံလိုက်သေဆုးံကြွက်များတွင် ပလိပ်ရောဂါ မတွေ့ဟု ထုတ်ပြန်


ဘုတလင်၊ဇွန်-၆

မုံရွာခရိုင် ဘုတလင်မြို့နယ်မောင်းထောင်ရွာတွင် ယခုရက်ပိုင်းကြွက်အကောင် ၄၀၀ကျော်အစုအပြုံလိုက်သေဆုးံရာ ၄င်းကြွက်များတွင်ပလိပ်ရောဂါပိုး မတွေ့ဟု ဓာတ်ခွဲခန်း အဖြေထွက်ကြောင်း တိုင်းကျန်းမာဌာန အထူးရောဂါနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သူဆွေက ပြောသည်။

သို့ရာတွင် ပလိပ်ရောဂါပိုးသယ်ဆောင်သော ကြွက်များတွင် တွယ်ကပ်နေသည့် သန်းကောင် (လှေး) အား စစ်ဆေးနိုင်ရန် ကြွက်အရှင်များကို ကြွက်ထောင်ချောက်ဖြင့်ဖမ်းဆီးနိုင်ရန် ယနေ့ နေ့လယ်ပိုင်းတွင် ကျန်းမာရေးဌာနမှ ဆရာဝန်များ မောင်းထောင်ရွာသို့ ရောက်ရှိနေသည်ဟု သတင်းရရှိသည်။

" ရောဂါစစ်ဆေးရေးလုပ်ငန်းစဉ် မကျန်ရအောင် ကြွက်သန်းကို ဒီနေ့ရယူမှာပါ၊ကြွက်တွေကို ရသလောက် ထောင်ပြီး ကြွက်သန်းယူမယ်၊မန္တလေးကို ပို့ပြီး စစ်မယ် "ဟု ဒေါက်တာကျော်သူဆွေကပြောသည်။

ကြွက်သန်းသည် ကြွက်တစ်ကောင်မှတစ်ကောင်သို့ တစ်ပေကျော်ထိ ခုန်ကူးနိုင်ပြီး အသက်ရှင်သော ကြွက်များတွင်သာ သွေးစုပ်နေထိုင်ခြင်းဖြစ်သည်။

ကြွက်တစ်ကောင်တွင် ကြွက်သန်း မည်မျှတွယ်ကပ်နေသည်ကို ဖမ်းဆီးရေတွက်ပြီး ရောဂါပိုးရှိသော ကြွက်သန်း ဟုတ်၊မဟုတ် စစ်ဆေးမည်ဖြစ်သည်။

ကြွက်သန်းသည် ကြွက်များသေဆုးံလျင် နီးစပ်ရာ ကြောင်၊ခွေး၊ရှဉ့် ၊လူများသို့ ခုန်ကူးပြီး ရောဂါပိုးဖြန့်ဝေလေ့ရှိသည်။

၎င်းကြောင့်ယခုရက်ပိုင်း ကြွက်များအား အဆိပ်ချ သတ်ခြင်း မလုပ်ရန် ဒေသခံများအား မှာကြားထားသည် ကျန်းမာရေးဌာနက ပြောသည်။

ပလိပ်ရောဂါလက္ခဏာသည် ဖျားခြင်း၊ခေါင်းကိုက်ခြင်း၊အကျိတ်များထွက်သဖြင့် ယာယီဆေးခန်းဖွင့်ကာ အဖျားစောင့်ကြည့်မှုကို မောင်းထောင်ရွာတွင် ရက်သတ္တပတ် နှစ်ပတ်ထိ လုပ်ဆောင်သွားမည်ဖြစ်သည်။

အောင်ထွန်း
Monywa Gazette
https://www.facebook.com/monywagazette
မောင်းထောင်ရွာမှ အစုအပြုံလိုက်သေဆုးံကြွက်များတွင် ပလိပ်ရောဂါ မတွေ့ဟု ထုတ်ပြန် မောင်းထောင်ရွာမှ အစုအပြုံလိုက်သေဆုးံကြွက်များတွင် ပလိပ်ရောဂါ မတွေ့ဟု ထုတ်ပြန် Reviewed by THITHTOOLWIN on 01:47 Rating: 5
Powered by Blogger.