၂ဝ၂ဝ ရွေးကောက်ပွဲမှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဝင်ပြိုင်မည်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ် / Photo: Myanmar State Counsellor Office Facebook
လာမယ့် ၂၀၂၀ ပြည့်နှစ်ကုန်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ရွေးကောက်ခံ မယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

နေပြည်တော်က စည်ပင်ရိပ်သာ အစည်းအဝေးခန်းမမှာ ဒီကနေ့ ကျင်းပတဲ့ အင်န်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောတာပါ။

ဘယ် မဲဆန္ဒနယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်မလဲဆိုတာကိုတော့ ဒေါက်တာ မျိုးညွန့်က ပြောဆိုခဲ့ ခြင်းမရှိပါဘူး။

သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဝင်ရောက်အရွေးချယ်ခံမယ့် မဲဆန္ဒနယ်မြေတွေမှာ မဲဆွယ်စည်းရုံးတာတွေလုပ်ဖို့ကိုလည်း အုပ်ချုပ်ရေးတာဝန်တွေ စွန့်လွှတ်ပြီးမှပဲ လုပ်ဆောင်သွား မှာဖြစ်ပြီး သူတို့ကိုယ်တိုင်ကပဲ ဆုံးဖြတ်မှာဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
၂ဝ၂ဝ ရွေးကောက်ပွဲမှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဝင်ပြိုင်မည် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဝင်ပြိုင်မည် Reviewed by THITHTOOLWIN on 02:11 Rating: 5
Powered by Blogger.