ထိုင်းကကမ္ဘာ့အကြီးဆုံးညဈေးမီးလောင်လို့ လူ ၂ ယောက်ဒဏ်ရာရပြီး ဆိုင် ၃၀ လောက်ပျက်စီး



Share/Bookmark
Photo-I_Knew Twitter

ဇွန် ၃၊ ဘန်ကောက်

ထိုင်းက ကမ္ဘာ့အကြီးဆုံးလို့ ပြောလို့ရတဲ့ ချာတူချက်ညဈေးမီးလောင်လို့ လူနှစ်ယောက်ဒဏ်ရာရပြီး ဆိုင် ၃၀ လောက်ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက အတည်ပြုပါတယ်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့နဲ့ Jor Sor 100ရေဒီယိုတို့က ဈေးမီးလောင်နေတယ်လို့ တနင်္ဂနွေနေ့ည ၉ နာရီလောက်မှာ သတင်းပို့ခဲ့ပြီး တစ်နာရီလောက်အကြာမှာ မီးထိန်းနိုင်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသူတော့မရှိခဲ့ပါဘူး။

ဈေးရဲ့ဝင်ပေါက်အမှတ် ၁ မှာ မီးလောင်ခဲ့ပြီး ဘာကြောင့်မီလောင်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။

မီးလောင်မှုဘာကြောင့်ဖြစ်တယ်ဆိုတာ စုံစမ်းနေတယ်လို့ ရဲတွေကပြောပါတယ်။

ဒါပေမဲ့ မီးအားဆောင့်တက်လို့ အပူကာပေါက်(short circuit)ပြီး မီးလောင်တာဖြစ်နိုင်တယ်လို့ ထိုင်းသတင်းတွေမှဖော်ပြပါတယ်။

ချာတူချက်ဈေးက ဆိုင်ခန်းပေါင်း ၁၅၀၀၀ လောက်ဆီ တစ်ပတ်ကို လူ ၂ သိန်းလောက်လာရောက်ကြတယ်လို့ ဈေးစီမံခန့်ခွဲရေးအဖွဲ့ကပြောပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ