မင်းလှမြို့နယ်၌ အထောက်အထားမဲ့ဝင်ရောက်လာသူ ၇ ဦး ဖမ်းဆီးရမိ


အထက်မင်းလှ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် ဇွန် ၂၅ ရက် ည ၈ နာရီခွဲက အထောက်အထားမဲ့ဝင်ရောက်လာသူ ၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန် ၂၅ ရက် နံနက် ၉နာရီ ခွဲက လက်ပံတံခါးကျေးရွာ၏အနောက်တောက်ဘက် မိုင် ၂၀ ခန့်အကွာ ဆင်ရင်ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာအကြား လျှိုမြောင်းအတွင်း၊ ဆင်တောင်ချောင်းအနီးတောထဲ၌ မသကာလူစိမ်းများတွေ့ရှိကြောင်း ပနီဆုံကျေးရွာအုပ်စု ဆင်ရင်ကျေးရွာ ရွာခွဲတာဝန်ခံ ဦးရွှေဘို၏သတင်းပေးပို့ချက်အရ လက်ပံတံခါးရဲကင်းမှူး ဒုရဲအုပ် သက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ပနီဆုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက ဆင်ရင်ကျေးရွာနှင့် ဆင်တောင်ချောင်းအနီးပတ်ဝန်းကျင်တောထဲ၌ တောနင်းရှာဖွေခဲ့ရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ခေါင်းတုတ်ဈေးကျေးရွာတွင်နေထိုင်သည့် အထောက်အထားမဲ့ဝင်ရောက်လာသူ အမျိုးသား၇ ဦးနှင့် လမ်းပြလိုက်ပါပို့ဆောင်သူ မင်းတုန်းမြို့ ဝက်ကော်ကျေးရွာအုပ်စု ငကုန်းကျေးရွာနေ စိုးမိုးဦး(ခ)စန်းဦး တို့အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါအထောက်အထားမဲ့ ဝင်ရောက်လာသူ ၇ ဦးနှင့် လမ်းပြအဖြစ်ပို့ဆောင်ပေးသူတို့အား ဥပဒေကြောင်းအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မင်းလှမြို့နယ်၌ အထောက်အထားမဲ့ဝင်ရောက်လာသူ ၇ ဦး ဖမ်းဆီးရမိ မင်းလှမြို့နယ်၌ အထောက်အထားမဲ့ဝင်ရောက်လာသူ ၇ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.