မော်တော်ဆိုင်ကယ် နဲ့ ကမ္ဘာပတ်မယ့်မြန်မာလူငယ်နှစ်ဦး ထိုင်းကိုရောက်ပြီ

 မြန်မာ ထိုင်း လာအို သုံးနိုင်ငံ ဆုံရာ ရွှေတြိဂံ ဒေသကို ဒီနေ့ ရောက်နေပါတယ် ။
မော်တော်ဆိုင်ကယ် ကိုယ်စီနဲ့ နိုင်ငံပေါင်း ၃၀ မိုင်ပေါင်း ၃သောင်းကျော် ကမ္ဘာပတ်မယ့်မြန်မာလူငယ်နှစ်ဦး ဟာ ဒီကနေ့ မြန်မာနိုင်ငံ နယ်နမိတ် ကနေဖြတ်ပြီး ထိုင်းနိုင်ငံ ထဲ ကိုဝင် ရောက် သွားပြီ ဖြစ်ပါတယ်။

သူတို့ဟာ တာချီလိတ်ကနေ တစ်ဆင့် ထိုင်းနိုင်ငံ ထဲဝင်လာတာဖြစ်ပြီး ရွှေတြိဂံ ဒေသ ထိုင်းနိုင်ငံ ချင်းဆန်မြို့ကနေ လာအိုနိုင်ငံ ထဲကို ဝင် ရောက် ဖို့ရှိနေတယ်လို့ တာချီလိတ်ဒေသခံတွေ ကနေ တစ်ဆင့်သိရပါတယ်။

သူတို့ရဲ့ လူမှုကွန် ယက် စာမျက်နှာ မှာ တွေ့ရတဲ့ ပုံတွေ အရ မြန်မာ ထိုင်း လာအို သုံးနိုင်ငံ ဆုံရာ ရွှေတြိဂံ ဒေသမှာ ဖြစ်ပြီး မဲခေါင် မြစ်ဘေးမှာ ဒီနေ့ မနက် ကရောက် နေတယ် လို့သိရပါတယ် ။သူတို့ဟာ မေလ၂၆ ရက်နေ့ ကရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်နဲ့ ပြည်သူ့ဥယျာဉ်ရှေ့ ရွှေတိဂုံဘုရားရှေ့ ကနေ စထွက် ခဲ့တာဖြစ်ပါတယ် ။

ချင်းဆန်မြို့ကနေ လာအိုနိုင်ငံ ထဲကို ဝင် ရောက် ဖို့ရှိနေပါတယ်။
ဘီအမ်ဒဘလျု ဆိုင်ကယ်တွေနဲ့ ကမ္ဘာပတ်မယ့်ဒီလူငယ်တွေခရီးဟာ လွန်ခဲ့တဲ့ နှစ်၆၀ ကျော်ကဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့်ဒေါ်တင်တင်စိန် အပြီးမှာ တကျော့ပြန်ကြိုးစားတဲ့ ခရီး လို့ပြောနိုင်ပါတယ်။

သူတို့ကတော့ ထိုင်း လာအို ကနေ တစ်ဆင့် တရုတ်ဘက် ကနေ သွားကြမှာဖြစ်ပါတယ်။

မဲခေါင်မြစ်ဘေးမှာဖြစ်ပြီးလာအိုနိုင်ငံကို လှမ်းမြင်နေရ တာ ဖြစ်ပါတယ် ။
ဒီနောက် မွန်ဂိုးလီးယား အဲဒီကနေတဆင့် ရုရှား ၊နောက် ရုရှား ကနေ တစ်ဆင့်ဥရောပကိုဝင်ကြမှာဖြစ်ပြီးတော့ ဂျာမနီ ပြင်သစ် ကနေ အင်္ဂလန် ကိုဝင် ကြမှာပါ ။

လန်ဒန်ရောက် ဖို့ ၃ လက နေ ၅ လလောက် လောက် ကြာမယ် မှန်းထားတယ်လို့မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်မယ့် မြန်မာလူငယ်တွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
မော်တော်ဆိုင်ကယ် နဲ့ ကမ္ဘာပတ်မယ့်မြန်မာလူငယ်နှစ်ဦး ထိုင်းကိုရောက်ပြီ မော်တော်ဆိုင်ကယ် နဲ့ ကမ္ဘာပတ်မယ့်မြန်မာလူငယ်နှစ်ဦး ထိုင်းကိုရောက်ပြီ Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.