ဖိလစ်ပိုင်နိုင်ငံတွင် လူနေအိမ်တစ်လုံး မီးလောင်မှုကြောင့် ကလေးငယ် ၅ ဦးအပါအ၀င် လူ ၆ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သော မီးလောင်မှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

    မနီလာ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားရာ ကလေးငယ် ၅ ဦး အပါအ၀င် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖယောင်းတိုင်လဲ၍ မီးကူးစက်လောင်ကျွမ်းရခြင်းဖြစ်ကြောင်း ၊ သေဆုံးသူများမှာ အခန်းတွင်း အသက်ရှုကြပ်၍သေဆုံးခြင်းဖြစ်ကြောင်း မက်ထရိုမနီလာရှိ Caloocanမြို့ ရဲဘက်ဆိုင်ရာမှ ဖော်ပြသည့် သတင်းများအရ သိရသည်။ အချင်းဖြစ်ပွားသည့်နေအိမ်မှာ မီးကူးစက်လောင်ကျွမ်းလွယ်သည့် ပစ္စည်းများနှင့် တည်ဆောက်ထားခြင်းဖြစ်ရာ မီးကူးစက်မှု လျှင်မြန်ခဲ့ကြောင်း ၊ ထို့အပြင် အနီးပတ်ဝန်းကျင်တွင် မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်နားထားမှုများကြောင့် မီးငြှိမ်းသတ်ရန် မီးသတ်ကား သွားလာရာတွင် အတားအဆီးနှောင့်နှေးမှုများ ဖြစ်ပွားခဲ့ကြောင်း ရဲဘက်ဆိုင်ရာ က ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ