တိုက်ကြီးမြို့နယ်၌ တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီး

တောရိုင်းဆင်ဖျက်ဆီးမှုကြောင့်ပျက်စီးသွားသော နေအိမ်တစ်လုံးအားတွေ့ရစဉ်(ပြည်ထဲရေး)

    ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း၌ ဇွန် ၈ ရက် ညနေပိုင်းတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ သစ်တောကြိုးဝိုင်းအတွင်းရှိ နေအိမ်နှစ်လုံးကို တောဆင်ရိုင်း ၃ ကောင်မှ ဖျက်ဆီးသဖြင့် သွပ်ကာနံရံများပျက်စီးခဲ့ကြောင်း သိရသည်။ယင်း တောဆင်ရိုင်း ၃ ကောင်မှ နေအိမ်များကိုဖျက်ဆီး၍ ဆန်အိတ် ၂ အိတ်အား စားသောက်ခဲ့ပြီး တောဆင်ရိုင်းများသည် ပဲခူးရိုးမတောအတွင်းသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တိုက်ကြီးမြို့နယ်၌ တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီး တိုက်ကြီးမြို့နယ်၌ တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီး Reviewed by THITHTOOLWIN on 01:13 Rating: 5
Powered by Blogger.