ဟာဝိုင်အီတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၉ ဦးသေဆုံး

အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အိုအာဟူကျွန်းတွင် လေယာဉ်ပျက်ကျကြောင်း ဟာဝိုင်အီ HDOT က ကြေညာထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
 လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အိုအာဟူ (Oahu) ကျွန်းရှိ လေယာဉ်ကွင်းအနီး ဇွန်လ ၂၁ ရက်ညနေပိုင်းက အင်ဂျင်နှစ်လုံးတပ် လေထီးခုန်လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် လေယာဉ်ပေါ်လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အတည်ပြုခဲ့သည်။

“Dillingham လေယာဉ်ကွင်းအနီး ပျက်ကျသွားတဲ့ အင်ဂျင်နှစ်လုံးတပ် King Air လေယာဉ်ပေါ်လိုက်ပါသွားတဲ့ လူ ၉ ဦးအတွက် ဟာဝိုင်အီ သယ်ယူပို့ဆောင်ရေးဌာန (HDOT) က အလွန်ကြေကွဲဝမ်းနည်းရပါတယ်” ဟု HDOT က တွစ်တာပေါ်၌ ရေးသားခဲ့သည်။

ဟိုနိုလူလူမီးသတ်ဌာနက ဒေသစံတော်ချိန် ည ၆း၃၀ နာရီခန့်က လေယာဉ်ပျက်ကျကြောင်း ပထမဆုံးသတင်းရရှိခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်သွားချိန်တွင် လေယာဉ်အပျက်အစီးများမှာ လုံးဝမီးလောင်သွားနေသည်ကို တွေ့ခဲ့ရသည်ဟု ဒေသခံ Hawaii News Now ဝက်ဘ်ဆိုဒ်တွင် သတင်းဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
ဟာဝိုင်အီတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၉ ဦးသေဆုံး ဟာဝိုင်အီတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၉ ဦးသေဆုံး Reviewed by THITHTOOLWIN on 08:53 Rating: 5
Powered by Blogger.