တာချီလိတ် တွင် ထိုင်းနိုင်ငံသား တဦးထံ ကျည် ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိ


ဇွန်လ ၂၃ ရက် ၂၀၁၉

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံ သား တဦး ထံမှ ကျည်မျိုးစုံ ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ အသက် ၂၃ နှစ် အရွယ် အာနွတ်ချိုသည် ဇွန် ၂၂ ရက် နေ့ ညနေ ၆ နာရီ ခွဲ ခန့်က မိုင်းလင်းမြို့ မှ တာချီလိတ်မြို့အတွင်းဘက် သို့ ဆိုင်ကယ် ဖြင့်မောင်းနှင်လာစဉ် မယ်ယန်းစစ်ဆေး ရေးဂိတ်တွင် နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့ ဝင်များ ပူးပေါင်း စစ်ဆေးရာ ၎င်း၏ ကျောပိုးအိတ်အတွင်း ကျည်မျိုးစုံ ၆၃၈ တောင့် ကိုတွေ့ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကျည် ၆၃၈ တောင့်တွင် M22 ကျည် (၁၃၀)တောင့်၊ 5.56 ကျည် (၁၀)တောင့်၊ ပွိုင့် 380 ကျည် (၁၅၀)တောင့်၊ 12 ဗို့ကျည် (၁၂၅)တောင့်၊ပုလင်း(အနံ့ဆေးရည်) (၁၂)လုံး၊ ပွိုင့် 45 ကျည် (၂၃)တောင့်၊ ပွိုင့် 22 ကျည် (၂၀၀)တောင့်နှင့် သံဘွတ် (၂၈)လုံးတို့ ဖြစ်သည်။

လက်ရှိ ကျည် မျိုးစုံနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသား အာနွတ်ချိုကို ဆက်လက် စစ်ဆေးနေသေးသည်ဟု သိရသည်။

ထိုနည်းတူ ဇွန် ၂၀ ရက်တွင် တာချီလိတ် မယ်ယန်း စစ်ဆေးရေးဂိတ်တွင်လည်း ကျည် ၄၀၀ တောင့် နီးပါး ဖမ်းဆီး ရရှိခဲ့သေးသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တာချီလိတ် တွင် ထိုင်းနိုင်ငံသား တဦးထံ ကျည် ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိ တာချီလိတ် တွင် ထိုင်းနိုင်ငံသား တဦးထံ ကျည် ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 02:59 Rating: 5
Powered by Blogger.